The Intern (2015)

The Intern

Genres: Comedy

The Intern (2015) IMDb - 7.1/10 *********************************** ပုံမှန် အားဖြင့် ကျွန်တော်က ရုပ်ရှင် ကြည့်ရင် drama, comedy တွေ ကြည့်လေ့ မရှိဘူး။(ပျင်းတာကိုး။ :P ) ဒါပေမယ့် ဒီနှစ်ပိုင်း ထဲ မှာ drama တွေ ဘက်ကို စိတ်ရောက်တယ်။ အချစ်ကား တွေ ထက် လူတွေရဲ့ ကြိုးစား အားထုတ်မှု တွေ ကို ထုတ်ပြတဲ့ ဇာတ်လမ်းတွေကို သဘောကျနေတော့တာကိုး။ ဒီ The Intern ဆိုတဲ့ ဇာတ်လမ်း လေးကို ကြည့်မိတာကလဲ အဲဒီလို က စ တာပဲ။ သူ့ ဇာတ်လမ်း အကျဉ်း က တော့..... Ben Whitaker ဆိုတဲ့ အသက် ၇၀ အရွယ် မုဆိုးဖို တစ်ဦးဟာ သူ့ ကျန်တဲ့ ဘဝ မှာ ဘာလုပ်ရမှန်း မသိဘဲ ယောင်ချာချာ ဖြစ်နေတုန်း...About The Fit ဆိုတဲ့ online shopping company ကနေ လုပ်တဲ့ senior intern program မှာ သွားပြီး အလုပ်လျှောက်ခဲ့တယ်။ အဲဒီမှာ အရမ်း ကြိုးစား အရမ်း အလုပ်ပေါ်မှာ စေတနာ ထားပြီး မိသားစု နဲ့ အလှမ်းကွာလို့ အလုပ်မှ အလုပ် ဖြစ်နေတဲ့ သူဌေးမ Jules Austin နဲ့ တွေ့မိကြပြီး အလုပ် တူတူ တွဲလုပ် အကူအညီ ပေးကြလေသတည်းပေါ့လေ။ ဒီ ဇာတ်လမ်း ကို genre ခွဲတော့ comedy ထဲ ထည့်ထားတယ်။ ဒါပေမယ့် ကြည့်ပြီးသွားတော့ မရယ်မိတဲ့ အပြင် ခေါင်းထဲ တွေးစရာတွေ တစ်ပုံကြီး ဝင်လာတယ်ရယ်။ မုဆိုးဖို Ben ဟာ အသက် ၇၀ ရှိပြီ။ သူ အရင် က တယ်လီဖုန်း လမ်းညွှန် စာအုပ်တွေ ထုတ်တဲ့ ဆီမှာ အနှစ် ၄၀ လောက် အလုပ် လုပ် ခဲ့တယ်။ အငြိမ်းစား ယူတော့ သူ့ရာထူး က Vice President။ သူ အနားယူပြီးတော့ သူ့မှာ ဘာမှ ပူပင်စရာ မရှိဘူး။ ငွေကြေး အရလည်း ပြည့်စုံတယ်။ သူ့သား မိသားစု က လည်း သူ့ကို လိုလားတယ်။ ကျန်းမာရေးလည်း ကောင်းတယ်။ သူငယ်ချင်း တွေလည်း ရှိတယ်။ သူ့ကိုကြိုက်နေတဲ့ အဖွားကြီး တောင် ရှိလိုက်သေး။ ဒါပေမယ့် သူ့စိတ်ထဲမှာ တစ်ခုခု လိုနေသလိုပဲ။ ဘာမှ လုပ်စရာ မရှိဘူး ဖြစ်နေတာ။ အဲဒီ အချိန်မှာ ဒီ senior internship program ကို သူ သွားတွေ့…

You May Also Like