The Edge (1997)

Genres: Drama · Adventure · Action
The Edge (1997) IMDb Rating (7.0) / Rotten Tomatoes (63%) " Never Feel Sorry For a Man who owns a plane " , " "what one man can do, another can do" စတဲ့နာမည်ကျော် စကားစုများစွာ ပါဝင်တဲ့ " The Edge " ရုပ်ရှင်ဟာ စာစီစာကုံးတစ်ပုဒ်ကိုဖတ်နေရသလိုမျိုး နိဒါန်း/စာကိုယ်/နိဂုံးဆိုပြီးတော့ သုံးပိုင်းခွဲခြားလို့ရနိုင်ပါတယ်။ နိဒါန်းမှာတော့ ငယ်ငယ်ချောချောမော်ဒယ်မလေးနဲ့ ခင်ပွန်းဖြစ်သူ ဘီလီယံနာ သူဌေးကြီးတို့ မြောက်ဘက်တောရိုင်းဒေသဘက်ကို မော်ဒယ်မလေးရဲ့ " Photo Shoot " အတွက် ရိုက်ကူးရေးအဖွဲ့သားများနဲ့အတူ အလည်အပတ်ခရီးထွက်ခဲ့ကြပုံနဲ့ အစပျိုးထားပါတယ်။ ဘီလီယံနာသူဌေးကြီးဖြစ်တဲ့အတွက်ကြောင့် ကိုယ်ပိုင်လေယာဉ်နဲ့ ခရီးနှင်ခဲ့ကြပါတယ်။ စာကိုယ်မှာတော့ မော်ဒယ်မလေးကို ဒိုင်ခံရိုက်ကူးပေးနေတဲ့ ဓာတ်ပုံဆရာဟာ သဘာဝဆန်ဆန်ပို့စ်ပေးနိုင်မယ့်သူကိုသာလိုချင်တာဖြစ်လို့ "Alaskan" တောရိုင်းဒေသဘက်မှာသူလိုချင်တဲ့လိုရှိကြောင်းသတင်းကြားသိရတဲ့အတွက်ကြောင့် သူရဲ့လက်ထောက်နဲ့အတူ ဘီလီယံနာသူဌေးကြီးကိုပါလိုက်ခဲ့ဖို့ ခေါ်ခဲ့ပါတော့တယ်။ ခရီးကိုတော့ လေယာဉ်နဲ့သာနှင်နိုင်မှာဖြစ်ပါတယ်။ ကံဆိုးချင်တော့ ရာသီအလိုက်ရွှေ့ပြောင်းလာတဲ့ငှက်အုပ်တွေနဲ့ လေယာဉ်နဲ့တိုက်မိပြီးတော့ လေယာဉ်ပျက်ကျသွားခဲ့ကာ သုံးယောက်စလုံး တောထဲမှာပဲ ပိတ်မိနေခဲ့ပါတော့တယ်။ ရာသီဉတုကအေးတာကတစ်ကြောင်း ရက်ပေါင်းများစွာ ပိတ်မိနေလို့ စားဖို့သောက်ဖို့ ရုန်းကန်နေရတာက တစ်ကြောင်းကိုမှ လူကိုသာအဓိကထားပြီးတော့ အမဲလိုက်တဲ့ ဝက်ဝံကြီးတစ်ကောင်ရဲ့ ရန်ကိုလည်း ကြောက်နေရပြန်ပါတယ်။ နိဂုံးပိုင်းမှာတော့ ကယ်ဆယ်မယ့်သူက လွယ်လွယ်နဲ့ရောက်မလာတော့ ရုန်းကြကန်ကြရင်း ဝက်ဝံကြီးရန်ကနေ ကာကွယ်ကြရင်း " plot twist " ကြီးတစ်ခုဟာ အထင်းသားပေါ်ပေါက်လာခဲ့ပါတော့တယ်။ " plot twist " ကြီးနှင့်အတူ စာအရမ်းဖတ်သော်ငြားလည်း စာအုပ်ထဲက…