The Boat That Rocked (2009)

The Boat That Rocked

Genres: Drama · Comedy

The Boat That Rocked (2009) **************************** Rock & Roll ဂီတနဲ့ Comedy ကားကောင်းတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် ဂန္ထဝင်ဇာတ်ကား "The Boat That Rocked" ကို မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၆၀ ပြည့်လွန်နှစ်တွေက ဗြိတိန်နိုင်ငံမှာ Rock & Roll ဂီတအကြီးအကျယ်ခေတ်စားနေပေမဲ့၊ အစိုးရပိုင် BBC ရေဒီယိုကတော့ တစ်နေ့ကို ၄၅ မိနစ်လောက်ပဲ ပေါ့ပ်သီချင်းတွေကို ထုတ်လွှင့်ခွင့်ပေးထားပါတယ်။ ဒီတော့လူငယ်တွေနားထောင်ချင်တဲ့သီချင်းတွေကို ၂၄ နာရီလုံးဖွင့်ပေးနေတာကတော့ ပင်လယ်ပြင်အလယ်က သင်္ဘောတစ်စီးပေါ်မှာ အခြေစိုက်ထားတဲ့ "Pirate Radio" လို့ခေါ်တဲ့ တရားမဝင် ရေဒီယိုလိုင်းပါပဲ။ ဇာတ်လမ်းအကျဥ်း *************** ကျောင်းထုတ်ခံလိုက်ရတဲ့လူငယ်လေးကာလ်တစ်ယောက်၊ သူ့အမေက သူရဲ့အချိုးတွေကို ပြင်ဖို့ဆိုပြီး ဒီသင်္ဘောပေါ်မှာရှိတဲ့ သူ့ရဲ့ခေါင်းကိုင်ဖခင်ကွမ်တင်ဆီကို ပို့လိုက်ရာကနေ စတင်ပါတယ်။ တကယ်တမ်းသင်္ဘောပေါ်ရောက်သွားတဲ့အခါမှာတော့ သူ့အမေထင်သလို စည်းကမ်းကြီးတဲ့နေရာမဟုတ်ဘဲ၊ ဂီတရူးသွပ်သူတွေ၊ ထူးဆန်းတဲ့ဒီဂျေတွေနဲ့ ပြည့်နှက်နေတဲ့လွတ်လပ်မှုနယ်မြေဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ တစ်ဖက်မှာလည်း သဘောထားတင်းမာတဲ့ အစိုးရဝန်ကြီးတစ်ယောက်က ဒီရေဒီယိုလိုင်းကို အကျင့်ပျက်ခြစားမှုရဲ့အရင်းအမြစ်လို့သတ်မှတ်ပြီး အပြုတ်ဖြုတ်ဖို့နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းလာပါတော့တယ်။ ပင်လယ်ပြင်က ဂီတသမားတွေနဲ့ ကုန်းမြေပေါ်က အာဏာပိုင်တွေရဲ့အားပြိုင်ပွဲမှာ ဘယ်သူအနိုင်ရမလဲ... လူငယ်သန်းပေါင်းများစွာရဲ့နှလုံးသားကို ဖမ်းစားထားတဲ့ Rock & Roll သီချင်းသံတွေ ပင်လယ်ပြင်ကနေဆက်လက်ပျံ့လွင့်နိုင်ပါ့မလားဆိုတာကိုတော့ ဂီတ Vibe အပြည့်နဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size…2.37GB / 853MB Quality… BluRay 1080p/ 720p Format…mp4 Duration….1h 57m Genre ….. Period drama, Comedy,…

You May Also Like