Supergirl (2026)

Supergirl

Genres: Adventure · Action · Science Fiction

Supergirl (2026) IMDb Rating (6.1) / Rotten Tomatoes (53%) Supergirl (2026) ဟာ DC Universe (DCU) ရဲ့ ဒုတိယမြောက် ရုပ်ရှင်ဖြစ်ပြီး ကောမက်ပရိသတ်တွေ အကြိုက်တွေ့ခဲ့တဲ့ Tom King ရဲ့ Supergirl: Woman of Tomorrow ကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါရိုက်တာ Craig Gillespie ရိုက်ကူးထားပြီး Milly Alcock (Supergirl)၊ Matthias Schoenaerts (Krem)၊ Eve Ridley (Ruthye) နဲ့ တခြားသရုပ်ဆောင်တွေ အများကြီးပါဝင်ထားတဲ့ စူပါဟီးရိုး၊ သိပ္ပံဇာတ်လမ်း (Sci-Fi) နဲ့ အက်ရှင်အမျိုးအစား ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ကမ္ဘာမြေပေါ်မှာ ချစ်ခြင်းမေတ္တာအပြည့်နဲ့ ကြီးပြင်းလာခဲ့ရတဲ့ Superman နဲ့ မတူဘဲ Supergirl ဖြစ်သူ Kara Zor-El ကတော့ Krypton ဂြိုဟ် ပျက်စီးသွားချိန်မှာ အပျက်အစီးတွေကြား ၁၄ နှစ်ကြာအောင် ဒုက္ခမျိုးစုံခံပြီးမှ အသက်ရှင်ကျန်ရစ်ခဲ့တာပါ။ ဒါကြောင့်မို့လို့ သူ့ရဲ့ စိတ်ဓာတ်နဲ့ စရိုက်က Superman ထက် အများကြီး ပိုမာကျောပြီး ရင်းနှီးရခက်တဲ့ ပုံစံရှိပါတယ်။ သူ့ရဲ့ ၂၃ နှစ်ပြည့် မွေးနေ့မှာတော့ Kara တစ်ယောက် အာကာသထဲ လှည့်လည်ရင်း သောက်စားမူးယစ်နေတုန်း Ruthye ဆိုတဲ့ ဂြိုဟ်သူ ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ Ruthye ဟာ သူ့အဖေကို ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့တဲ့ Krem ဆိုတဲ့ လူသတ်သမားကို လက်စားချေဖို့ ကြိုးစားနေတာပါ။ အစတော့ မကူညီချင်ပေမဲ့ Krem က Kara ရဲ့ ခွေးလေး Krypto ကို ထိခိုက်အောင် လုပ်လိုက်တဲ့အခါမှာတော့ Kara တစ်ယောက် ခရစ်ပတိုကို ကယ်ဖို့ Krem ကို တွေ့အောင်ရှာမှဖြစ်မှာမို့ ရုသီကိုခေါ်ပြီး စကြဝဠာတစ်ခွင် စွန့်စားခန်းတွေ ဖွင့်ကြပါတော့တယ်။ သမီးလိမ္မာပုံစံ မဟုတ်ဘဲ သေနတ်၊ ဓား၊ စကြာဝဠာထဲက အရက်ဆိုင်တွေနဲ့ ခပ်ကြမ်းကြမ်း Space Western ပုံစံ ဖန်တီးထားတာမို့လို့ DCU ရဲ့ ဇာတ်ကြောင်းအသစ်ကို မြင်တွေ့ရမှာပါ။ House of…

You May Also Like