Summer with Monika (1953)

Summer With Monika (1953) IMDB : 7.5 Rotten Tomatoes : 100 % Genre : Romance/Drama Ingmar Bergman ရဲ့ ရုပ်ရှင်တွေကိုကြည့်တိုင်း ရင်ထဲတစ်ခုခုတော့ခံစားမိမှာအသေအချာပါပဲ ဒီတစ်ခေါက် Summer with Monika ကားလေးကတော့ အချစ်ဇာတ်လမ်းလေးကိုပုံဖော်ထားတာပဲဖြစ်ပါတယ် ။ နွေရာသီရဲ့ အလှတရားတွေအောက် အချစ်အတွက် အရဲစွန့်ကြတဲ့လူငယ်လေးတွေအကြောင်းရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ် ဇာတ်ညွှန်း မိသားစုစုံစုံလင်လင်နဲ့နေရပေမဲ့ အချစ်ငတ်နေတဲ့ Monika တစ်ယောက်ဟာ Harry ဆိုတဲ့ကောင်လေးနဲ့ကော်ဖီဆိုင်မှာတွေ့ရကနေစတာပါပဲ ။ Harry ကတော့ Harryရဲ့ အမေက အသက်၈နှစ်ကတည်းကဆုံးပါးသွားတာဖြစ်ပြီး ၊ အဖေနဲ့နှစ်ယောက်တည်းနေရသူပါ ၊ သူကလည်း အလုပ်မှာအဆင်မပြေမှုတွေနဲ့ရင်ဆိုင်နေရသူတစ်ယောက်ဖြစ်ပါတယ် သူတို့နှစ်ယောက်တွေ့ဆုံပြီးတဲ့နောက်တစ်နေ့မှာ Monika ကအိမ်ကနေထွက်ပြေးလာပြီး Harry နဲ့လာတွေ့ပါတယ်။ အဲလိုနဲ့ Harry နဲ့ Monika ကလူတွေနဲ့ဝေးရာမှာ သူတို့ရဲ့အချစ်ဇာတ်လမ်းလေးကိုစတင်ဖို့ နှစ်ယောက်ခိုးပြေးလိုက်ကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ နွေရာသီလေးကတော့ ဟန်းနီးမွန်းကာလလေးအဖြစ်နေကြရင်း အချိန်ကုန်ဆုံးခဲ့ကြပါတယ်။ နောက်ပိုင်းကျ သူတို့နှစ်ယောက်မှာ အလုပ်အကိုင်မရှိပဲ ကျေးလက်မှာလာနေတဲ့အတွက် စားစရာ သောက်စရာကောင်းကောင်းမရှိတော့ပါဘူး ၊ အဲလိုပဲ မြို့ကို ပြန်လာပြီး အသက်ရှင်သန်ဖို့ရုန်းကန်ရတော့တယ် ၊ သူတို့နှစ်ယောက် သမီးလေးတစ်ယောက်မွေးပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးဟာ ပြသာနာလေးတွေစပေါ်ပေါက်လာခဲ့တယ်။ နောက်ဆုံးမှာရော သူတို့ရဲ့အိမ်ထောင်ရေးဘဝ အခက်အခဲတွေကို နားလည်မှုရှိရှိနဲ့ဖြေရှင်းပေးနိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ သရုပ်ဆောင်များ Monika အဖြစ် Harriet Andersson Harry အဖြစ် Lars Ekborg Monika ရဲ့ အဖေအဖြစ် John Harryson Ha…