Stripes (1981)

Stripes

Genres: Comedy · Action

စစ်ကားလည်းဟုတ် ဟာသကားလည်းဟုတ်တဲ့ ဒီလိုဇာတ်ကားမျိုးကို မကြည့်မိရင် နောင်တရမယ်နော် အမျိုးတို့ ဇာတ်လမ်းအကျဉ်း ဂျွန် ဟာ တစ်နေ့တည်းမှာပဲ အလုပ်ပြုတ်၊ ကားအသိမ်းခံရပြီး ရည်းစားနဲ့ပါ လမ်းခွဲလိုက်ရတဲ့အထိ ဘဝမှာ ကံဆိုးမှုတွေနဲ့ ရင်ဆိုင်နေရသူပါ။ ဒီလိုနဲ့ သူဟာ ဘဝကို အပြောင်းအလဲဖြစ်သွားအောင် သူ့ရဲ့သူငယ်ချင်း ရပ်စဲလ် နဲ့အတူ စစ်ထဲဝင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ စည်းကမ်းကြီးလှတဲ့ စစ်တပ်ထဲမှာ ဂျွန် တို့လို လွတ်လွတ်လပ်လပ် နေတတ်တဲ့သူတွေအတွက်တော့ အရာရာဟာ အခက်အခဲတွေချည်းပါပဲ။ လေ့ကျင့်ရေးဆရာကြီးရဲ့ အမြဲတမ်း ငေါက်ငမ်းမှုကို ခံရရုံတင်မကဘဲ သူတို့ တပ်စုဟာလည်း တပ်ရင်းတစ်ခုလုံးမှာ အညံ့ဆုံး တပ်စုဖြစ်နေပါတယ်။ ဒီလိုနဲ့ မထင်မှတ်ထားတဲ့ အခြေအနေတစ်ခုကြောင့် သူတို့တပ်စုဟာ နယ်စပ်မှာစခန်းချနေတဲ့ ရန်သူ့လက်ထဲ ရောက်သွားတဲ့အခါမှာတော့... ဂျွန် နဲ့ ရပ်စဲလ် တို့ သူငယ်ချင်းနှစ်ယောက် ဒီအရှုပ်အထွေးထဲကနေ ဘယ်လိုရယ်မောဖွယ်ရာ နည်းလမ်းတွေနဲ့ လွတ်မြောက်အောင် ကြိုးစားမလဲ? အသုံးမကျဘူးလို့ အထင်ခံထားရတဲ့ သူတိုတပ်စုကရော တကယ့်သူရဲကောင်းတွေ ဖြစ်လာနိုင်ပါ့မလား? ဆိုတာကိုတော့ အခုပဲ ကြည့်ရှုလိုက်ရအောင်နော်။

You May Also Like