Storm Rider: Legend of Hammerhead (2026)

Genres: Adventure · Action · Science Fiction
Storm Rider: Legend of Hammerhead (2026) IMDb Rating (7.5) / Rotten Tomatoes (42%) ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့မှာ ရုံတင်ပြသခဲ့တဲ့ ဒီ (Sci-Fi Adventure) ဇာတ်ကားကြီးကိုတော့ ဆားဘီးယား ဒါရိုက်တာ Zoran Lisinac နဲ့ ခရိုအေးရှား ဒါရိုက်တာ Domagoj Mazuran တို့က ပူးပေါင်းဖန်တီးထားတာပါ။ ဇာတ်ကားရဲ့ အဓိက Theme ကတော့ ကမ္ဘာကြီး ရေလွှမ်းမိုးခံရပြီးနောက်ပိုင်း ကျွန်းစုလေးတွေအဖြစ် ကွဲထွက်သွားတဲ့ အနာဂတ်ကမ္ဘာမှာ ရှင်သန်ရုန်းကန်ရတဲ့ အကြောင်းကို အခြေခံထားပါတယ်။ ကြီးမားတဲ့ မုန်တိုင်းကြီးတွေကြားမှာ အသက်ရှင်ဖို့အတွက် ဖိနှိပ်ထားတဲ့ စည်းမျဉ်းတွေကို ဖောက်ထွက်ပြီး ကမ္ဘာကြီးရဲ့ မူလဇစ်မြစ် အမှန်တရားကို ရှာဖွေကြမယ့် လူငယ်တွေရဲ့ စွန့်စားခန်းကို မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ထားတာပါ။ ဒီကားမှာ အဓိက သရုပ်ဆောင်တွေအနေနဲ့ "Vikings" စီးရီးနဲ့ နာမည်ကြီးတဲ့ Marco Ilsø နဲ့ မင်းသမီးချော Sarah-Sofie Boussnina တို့က ခေါင်းဆောင်ပါဝင်ထားပါတယ်။ သူတို့နဲ့အတူ ဝါရင့်သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ James Cosmo နဲ့ Caroline Goodall တို့ကလည်း အားဖြည့်ပေးထားပါသေးတယ်။ Marco Ilsø နဲ့ Sarah-Sofie Boussnina တို့ရဲ့ ဇာတ်ကောင်နှစ်ခုကြားက ဖေးမကူညီမှုနဲ့ စွန့်စားချင်စိတ် အပြည့်ပါတဲ့ (Chemistry) က အတော်လေး ကြည့်ကောင်းသလို၊ ဝါရင့်သရုပ်ဆောင်ကြီးတွေရဲ့ အရှိန်အဝါကလည်း ဇာတ်ကားကို ပိုပြီး လေးနက်သွားစေပါတယ်။ ဇာတ်လမ်းအစမှာ မဟာရေလွှမ်းမိုးမှုကြီး ဖြစ်ပွားပြီး နှစ်ပေါင်း ၃၀၀ အကြာမှာ ကျန်ရစ်ခဲ့တဲ့ ကျွန်းသားတွေဟာ အဆုံးမရှိတဲ့ မုန်တိုင်းကြီးရဲ့ ခြိမ်းခြောက်မှုကို အမြဲခံနေရတာကို မြင်တွေ့ရမှာပါ။ သူတို့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ကတော့ လုံခြုံတဲ့ Argos ဆိုတဲ့ မြို့တော်ကြီးဖြစ်ပြီး၊ အဲဒီကိုရောက်ဖို့ "Storm Riding" လို့ခေါ်တဲ့ အသက်လုရတဲ့ ပြိုင်ပွဲတွေကို ဝင်ပြ…