Silence (2016)

Silence

Genres: Drama · History

Silence (2016) IMDb Rating (7.2) / Rotten Tomatoes (83%) ဂန္တဝင်ဂျပန်စာရေးဆရာကြီး " Shūsaku Endō " ရဲ့ ၁၉၆၆ခုနှစ်မှာထွက်ရှိခဲ့တဲ့ " Silence " ဆိုတဲ့ ဝတ္ထုစာအုပ်ကို ဒါရိုက်တာကြီး " Martin Scorsese " မှ " Liam Neeson " " Andrew Garfield " " Adam Driver " " Nana Komatsu " စသည့် နာမည်ကျော် ဟောလိဝုဒ်သရုပ်ဆောင်/ဂျပန်သရုပ်ဆောင်များနှင့်အတူ ရုပ်ရှင်တစ်ပုဒ်အဖြစ်အသက်သွင်းခဲ့ပါတယ်။ ၁၇ရာစုနှစ်ကာလ ဂျပန်မှာ ခရစ်ယာန်ဘာသာဝင်ပေါင်းများစွာ ဖိနှိပ်ညှင်းဆဲခံခဲ့ရပါတယ်။ ခရစ်ယာန်ဘာသာကို ကိုးကွယ်ယုံကြည်ကြောင်း ရှာဖွေတွေ့ရှိခဲ့ရင် အရင်ဆုံးဖမ်းဆီးပါတယ် ပြီးရင်တော့ အထက်လူကြီးများရှေ့မှာ ခရစ်တော်ရဲ့ရုပ်ပုံကိုတက်နင်းခိုင်းခြင်း လက်ဝါးကပ်တော်ကို တံတွေးထွေးခိုင်းခြင်းစသဖြင့် ခရစ်ယာန်ဘာသာကိုမကိုးကွယ်ကြောင်းသက်သေပြရပါတယ်။ သူတို့ခိုင်းသလိုမလုပ်ဘူးဆိုရင်တော့ ရက်ရက်စက်စက်နှိပ်စက်ကာ သတ်ဖြတ်ပစ်ပါတော့တယ်။ ပေါ်တူဂီမှ ဘုန်းတော်ကြီးနှစ်ပါးဖြစ်တဲ့ " Rodrigues " နဲ့ " Garrupe " တို့နှစ်ယောက်ဟာ ဘုန်းတော်ကြီး " Ferreira " ရဲ့ ပေးပို့လိုက်တဲ့စာတစ်စောင်ကိုဖတ်ပြီးသောအခါမှာတော့ ဂျပန်ပြည်ကိုသွား၍ ဘုန်းတော်ကြီး " Ferreira " ကိုသွားရှာရဖို့ဖြစ်လာပါတော့တယ်။ စာပါအကြောင်းအရာများကတော့ ဂျပန်တို့ သူ့ကိုဖမ်းမိ၍ apostatize ( ယုံကြည်ကိုးကွယ်ရာဘာသာအယူဝါဒ / နိုင်ငံရေးဝါဒ /ရပ်တည်ချက်များကိုစွန့်ပယ်ခြင်း ) လုပ်လိုက်ရကြောင်းဆိုပြီးစသဖြင့်ပါရှိပါတယ်။ ဒီတော့ ဘုန်းတော်ကြီးနှစ်ပါး ဂျပန်ပြည်ကို တရားမဝင်နည်းလမ်းနဲ့ခိုးဝင်ခဲ့ကာ ဘုန်းတော်ကြီး " Ferreira " ရဲ့အကြောင်းများကို စုံစမ်းကြရင်း ခရစ်ယာန်ဘာသာသာသနာပြန့်ပွားရေးအတွက်ပါ တစ်ပါတည်းလုပ်ဆောင်ကြဖို့ဆုံးဖြတ်ခဲ့လိုက်ပါတော့တယ်။ ဘုန်းတော်ကြီးနှစ်ပါးဟာ သူတို့ရည်ရွယ်ချက်အတိုင်း တာဝန်ကိုပြီးမြောက်အောင်ထမ်း…

You May Also Like