Scary Movie (2026)

Scary Movie (2026) 4K HEVC ပရိသတ်တွေ အလွမ်းပြေ ပြန်လာတဲ့ Scary Movie 6 (2026) ဟော်ရာဟာသကား လာပါပြီ။ အရင်က မူလသရုပ်ဆောင်တွေဖြစ်တဲ့ Anna Faris (ဆင်ဒီ), Regina Hall (ဘရန်ဒါ), Shawn Wayans (ရေး) နဲ့ Marlon Wayans (ရှော့တီ) တို့ အစုံအလင် ပြန်ပါလာကြတယ်။ ဒီကားက အဓိကအားဖြင့် Scream 5 ရဲ့ "Requel" (အဟောင်းကို အသစ်ပြန်ရိုက်တာ) ဇာတ်လမ်းသွားကို နောက်ပြောင်ထားပြီး၊ အခုနောက်ပိုင်းခေတ်စားနေတဲ့ M3GAN, Get Out, Smile နဲ့ Wednesday စတဲ့ နာမည်ကြီးကားတွေကိုပါ ထည့်သွင်းလှောင်ပြောင်ထားတာ တွေ့ရပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းအစမှာတင် ဆင်ဒီရဲ့ သမီးငယ် 'Tuesday' (Wednesday ဇာတ်ကောင်ကို နောက်ထားတာ) ဟာ Ghostface လူသတ်သမားရဲ့ တိုက်ခိုက်တာကို ခံလိုက်ရပြီး ဆေးရုံရောက်သွားတယ်။ အဲဒီသတင်းကို Tuesday ရဲ့ အစ်မဖြစ်သူ ဆာရာ (Sara) နဲ့ သူ့ရည်းစား ဂျက် (Jack) တို့ ကြားသွားတဲ့အခါ အရင်တုန်းက အဖြစ်ဆိုးတွေ ပြန်စလာပြီဆိုတာ သိလိုက်ကြတယ်။ ဆာရာက သူတို့ရဲ့ အမေ စင်ဒီ (Cindy) ဆီကို သွားရှာပါတော့တယ်။ အခုချိန်မှာ စင်ဒီက အရမ်းကို သံသယလွန်ကဲနေပြီး အိမ်မှာ ထောင်ချောက်တွေ အပြည့်ဆင်ထားတဲ့ လူအိုကြီးတစ်ယောက် ဖြစ်နေပါပြီ (Halloween ကားထဲက Laurie လိုမျိုးပေါ့)။ ဒီလိုနဲ့ Ghostface ရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့ ဆင်ဒီရယ်၊ သူ့ရဲ့ သူငယ်ချင်းဟောင်းတွေဖြစ်တဲ့ ဘရန်ဒါ၊ ရေး နဲ့ ရှော့တီတို့ ပြန်လည်ပူးပေါင်းမိကြပါတယ်။ ဒီကားထဲက Ghostface က အရင်ဇာတ်ကောင်ဟောင်းတွေကိုပါ လိုက်သတ်ဖို့ ကြိုးစားလာတာပါ။ ဇာတ်လမ်းတစ်လျှောက်မှာဆိုရင် ရှော့တီ ဆေးလွန်ပြီး ကေပေါ့ပ် (KPop) သရဲဖမ်းသမားတွေလို အာရုံချောက်ခြားတဲ့ အခန်းတွေ၊ Ghostface က ခေတ်သစ် အယူအဆတွေကို သည်းမခံနိုင်လို့ မြေအောက်ရထားပေါ်မှာ လူလိုက်သတ်တဲ့ အခန်းတွေနဲ့ တခြား ဟာသပြကွက်တွေ အများကြီး ပါဝင်ပါတယ်။ ဇာတ်ကားတစ်ကားလု…