Rolling Loud: The Movie (2026)

Genres: Comedy
Rolling Loud: The Movie [2026] ဟန့်ခ်ဟာ အမေရိကမှာ နေထိုင်တဲ့ သာမန်ပြည်သူတွေထဲက သာမန်လူတစ်ယောက်ပါ။ သူ့မှာ မဲလ်ဆိုတဲ့ ဇနီးချောနဲ့ ဇိုင်ယွန်ဆိုတဲ့ သားလေးတစ်ယောက်ရှိတယ်။ တစ်နေ့တော့ သူတို့နေထိုင်တဲ့ မြို့မှာ လူသိများကျော်ကြားတဲ့ hip-hop ဂီတပွဲတော် Rolling Loud ကျင်းပဖို့ဖြစ်လာခဲ့တယ်။ လူငယ်ပီပီ ဟန့်ခ်ရဲ့ သားဖြစ်သူက သွားချင်လို့ မိဘတွေကို ပူဆာခဲ့တယ်။ ဟန့်ခ်ကလည်း သူ့ရဲ့သား ဒီလိုတက်ကြွပျော်ရွှင်နေတာ ဒါပထမဆုံးမြင်ဖူးခြင်းပဲဆိုပြီး သားအဖနှစ်ယောက် အတူကဲဖို့ vip လက်မှတ်နှစ်စောင် ဝယ်ပေးတဲ့အပြင် သူ့သားကြိုက်တဲ့ သီချင်းတွေပါ အလွတ်ရအောင် ကျက်ထားခဲ့တယ်။ ကံဆိုးချင်တော့ မိခင်ဖြစ်သူရဲ့ မသွားရဘူးဆိုတဲ့ တစ်ချက်လွှတ်အမိန့်နဲ့ သားအဖနှစ်ယောက်ရဲ့ အစီစဉ်က ပျက်ပါလေရော။ ဒါပေမဲ့ ဟန့်ခ်တစ်ယောက် ရေကန်အိမ်မှာ ငါးမျှားသွားမယ်လို့ မိန်းမကို လိမ်ပြီး သားဖြစ်သူကို Rolling Loud ပွဲတော်ကြီးကို အရောက်ခေါက်သွားပါတော့တယ်။ ဒီလိုနဲ့ အိမ်မှာ မိန်းမဖြစ်သူကို အလိမ်ဆင်နဲ့ စလိုက်တဲ့ ဂယက်ကြီးက ပွဲစဉ်တောက်လျောက်ပါ ဂယက်တွေ ဆက်ထပါတော့တယ်။ File Size… (2.716B) / (1.48GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 35m Genre …Comedy Subtitle….Myanmar Subtitle (Hard Sub)