Ready or Not: Here I Come (2026)

Ready or Not 2: Here I Come (2026) 4K HEVC ကြည်တောက်ရှင်း အပဒိတ် IMDb Rating (6.9) / Rotten Tomatoes (73%) မိသားစုတွေ ပျော်ပျော်ရွှင်ရွှင် တူတူပုန်းတမ်းကစားတဲ့ဇာတ်ကား အဆက်ထွက်လာပါပြီ။ ပထမကားမှာ ယောက္ခမဆွေမျိုး တစ်သိုက်လုံး ပေါက်ကွဲသွားတာကို ကြည့်ပြီး သတို့သမီးလေး ဂရေ့စ် (Grace) တစ်ယောက်တော့ ဘေးကင်းသွားပြီလို့ ထင်ခဲ့ကြတယ်မလား။ တကယ်တမ်းကျတော့ အဲဒါက အစပဲ ရှိသေးတယ်။ ဒီ ၂၀၂၆ မှာ ထွက်လာတဲ့ Part 2 မှာတော့ သွေးထွက်သံယို အက်ရှင်ခန်းတွေနဲ့ Dark Comedy အရသာကို အပြည့်အဝ ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။ ဒီကားရဲ့ အသက်သွေးကြောဖြစ်တဲ့ အမိုက်စား Dark Comedy အငွေ့အသက်ကို ပထမကားကို ရိုက်ခဲ့တဲ့ တွဲဖက် ဒါရိုက်တာ Matt Bettinelli-Olpin နဲ့ Tyler Gillett တို့ကပဲ ဆက်ပြီး တာဝန်ယူထားတယ်။ သရုပ်ဆောင်တွေကလည်း တကယ့် အလန်းစားတွေချည်းပါပဲ။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းစစချင်းမှာပဲ ဂရေ့စ်က ဆေးရုံပေါ်မှာ လက်ထိပ်တန်းလန်းနဲ့ နိုးလာတယ်။ ယောက္ခမအိမ်ကို မီးရှို့ပြီး လူ-တ်မှုနဲ့ ရဲက ဖမ်းထားတာလေ။ အဲဒီအချိန်မှာ သူ့ရဲ့ အဆက်အသွယ်ပြတ်နေတဲ့ ညီမက အရေးပေါ်ဆက်သွယ်ရမယ့်သူအနေနဲ့ ရောက်လာတယ်။ ပြဿနာက အဲဒီမှာတင် စတာပဲ။ အရင်ကားက မစ္စတာ လာဘဲလ် (Mr. Le Bail) ရဲ့ ရှေ့နေရောက်လာပြီး အရင် ယောက္ခမ Le Domas မိသားစုဆိုတာ မိစ္ဆာဂိုဏ်းကြီးတစ်ခုရဲ့ အဖွဲ့ဝင် ခြောက်စုထဲက တစ်စုပဲ ရှိသေးတယ်ဆိုတာကို ဖွင့်ပြောလိုက်တယ်။ ဂရေ့စ်က ပထမကစားပွဲကို နိုင်ခဲ့လို့ အခု ကျန်နေသေးတဲ့ ကောင်စီဝင် မိသားစုတွေနဲ့ "တူတူပုန်းတမ်း" ထပ်ကစားရမယ်တဲ့။ မိုးလင်းတဲ့အထိ အသက်ရှင်ရင် အဖွဲ့အစည်းရဲ့ အမြင့်ဆုံးနေရာကို ရမှာဆိုတော့ ကျန်တဲ့ လူယုတ်မာတွေကလည်း နေရာလုဖို့ ဂရေ့စ်ကို သတ်ဖို့ အသည်းအသန် လိုက်ရှာကြတော့တာပေါ့။ အရင်ကားက အိမ်ကြီးထဲမှာဆိုပေမဲ့ ဒီတစ်ခါတော့ ဒန်ဖို့သ် (Danforth) အပန်းဖြေ ဂေါက်ကွင်…