One More Shot (2025)

Genres: Drama · Comedy · Science Fiction
One More Shot (2025) One More Shot ကတော့ ၂၀၂၅ ခုနှစ်မှာထွက်ရှိလာတဲ့ သြစတြေးလျနိုင်ငံထုတ် စိတ်ကူးယဉ် ဟာသ ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ အဓိကမင်းသမီးအဖြစ် Emily Browning က သရုပ်ဆောင်ပေးထားပြီး Nicholas Clifford ရဲ့ ဒါရိုက်တာအနေနဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ် နှစ်သစ်ကူးညမှာ Minnie ဆိုတဲ့အမျိုးသမီးဟာ အချိန်ခရီးသွားနိုင်တဲ့တက်ကီလာ ပုလင်းတစ်ပုလင်းကို ရှာဖွေတွေ့ရှိသွားခဲ့ပြီး အဲဒီအရက်ကိုသောက်လိုက်တဲ့အခါတိုင်း ညအစကို ပြန်ရောက်သွားနိုင်တာကြောင့် ပုလင်းကုန်တဲ့အထိ သူ့ရဲ့ထောင်စုနှစ်ဘဝလမ်းကြောင်းကို ပြောင်းလဲနိုင်စွမ်းရရှိခဲ့ပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။ Minnie Vernon က အသက် ၃၀ ကျော် ထုံဆေးဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။ လက်ထပ်ဖို့စီစဉ်ထားခဲ့တဲ့ Cameron နဲ့ကွဲပြီးတဲ့နောက် သူငယ်ချင်းတစ်ဦးဖြစ်တဲ့ Rodney ရဲ့ နှစ်သစ်ကူးညပါတီကို သွားရောက်မှာဖြစ်ပါတယ်။ အဲဒီပါတီမှာ တက္ကသိုလ်က ချစ်သူဟောင်း Joe လည်း ပြန်ရောက်လာမှာဖြစ်ပေမယ့် Joe က အမေရိကန်သူ Jenny နဲ့အတူရောက်ရှိလာပြီး အဲဒီညမှာပဲ Jenny ကိုလက်ထပ်ခွင့် တောင်းတော့မယ်ဆိုတာ Minnie သိရှိလိုက်ရပါတယ်။ စိတ်ပျက်လက်ပျက် ဖြစ်နေတုန်းမှာပဲ Minnie က သူယူလာခဲ့တဲ့ နှစ်ပေါင်း ၁၀ ကြာ မက္ကဆီကိုတက်ကီလာပုလင်းဟောင်းကို သောက်လိုက်မိတဲ့အခါ အံ့အားသင့်စရာကောင်းလောက်အောင် ပါတီအချိန်အစကို ပြန်လည် ရောက်ရှိသွားပြီး တူညီတဲ့ပါတီညအဖြစ်အပျက်တွေကို ထပ်မံကြုံတွေ့လိုက်ရပါတယ်။ အဲဒီအချိန်ကွင်းဆက်ထဲမှာ Minnie က သူ့ချစ်သူဟောင်း Joe ကိုပြန်ရဖို့ကြိုးစားခြင်း၊ ပါတီတွင်း ဖြစ်ပျက်နေတဲ့အရာတွေကို စူးစမ်းခြင်းနဲ့ Y2K ကြိုတင်ဟောကိန်းကိုစိုးရိမ်နေတဲ့ Rodney ရဲ့ဇနီး Pia နဲ့ ပူးပေါင်းခြင်းစတဲ့အဖြစ်အပျက်တွေကို ဖြတ်သန်းရပါတော့တယ်။ Minnie ရဲ့လုပ်ဆောင်ချက်တိုင်းက မျှော်လင့်မထားတဲ့ရလဒ်တွေကိုဖ…