Mowgli: Legend of the Jungle (2018)

Mowgli: Legend of the Jungle (2018)(4K) IMDB : 6.5 Rotten Tomatoes : 65% Genre : Adventure / Fantasy မော်ဂလီဆိုတာ မသိတဲ့လူမရှိသလောက်ပါပဲ။ ငယ်ဘဝမှာ မကြည့်ခဲ့ဘူးတဲ့ လူမရှိသလောက်ပဲ။ မိသားစုနဲ့ဖြစ်ဖြစ် တစ်ယောက်တည်းပဲဖြစ်ဖြစ် တာဇံမဟုတ်တဲ့ တောတွင်းသားလေး မော်ဂလီကို ကြည့်ခဲ့ဖူးကြမယ် ထင်ပါတယ်။ တော်တော်လေးလည်း သဘောကျဖို့ကောင်းပြီး တော်တော်လေးလည်းရယ်ရတာကြောင့် ကြည့်ဖူးတဲ့ ကလေးတိုင်းသဘောကျခဲ့မှာပါ။ 2018 ထွက် ဒီမော်ဂလီရုပ်ရှင်ကတော့ Warner Bros. ကထုတ်ခဲ့တဲ့ ရုပ်ရှင်ဖြစ်ပြီးတော့ ဒီဘက်ခေတ်နဲ့ပိုပြီးတော့ လိုက်သွားသလို PG-13 ဖြစ်နေတုန်းဆိုပေမဲ့ နည်းနည်းလေး Dark Fantasy ဖြစ်သွားတာမလို့ ကလေးသူငယ်များအနေနဲ့ မိဘများနဲ့ကြည့်ရှုရင်တော့ ပိုသင့်တော်ပါတယ်။ ဇာတ်ညွှန်း ကျားကြီးရှီးရားခန်းလက်ချက်ကြောင့် မိဘတွေဆုံးသွားတဲ့ မိဘမဲ့လူကောင်လေးတစ်ယောက်တောထဲမှာ ယောင်လည်လည်လုပ်နေရင်း ဝံပုလွေမိသားစုတစ်ခုကတွေ့လို့ ခေါ်ယူမွေးစားခဲ့ပါတယ်။ လူမှာလည်းလူ့စည်းကမ်း၊ တောမှာလည်းတောစည်းကမ်း၊ ဝံပုလွေတွေမှာလည်း ဝံပုလွေစည်းကမ်းရှိခဲ့ပါတယ်။ ဝံပုလွေတွေ မဲခွဲပြီး ဒီကောင်လေးကို မွေးစားသင့်၊ မမွေးစားသင့် ဆုံးဖြတ်ခဲ့အခါမှာတော့ မွေးစားသင့်တဲ့ဘက်က အနိုင်ရသွားခဲ့ပါတယ်။ ကျားကြီးရှီးရားခန်းကလည်း အဖေနဲ့အမေရဲ့သွေးကို သောက်ပြီးတော့ ဒီကောင်လေးကိုလည်း မြည်းကြည့်ဖို့ မစောင့်နိုင်ဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ ဝံပုလွေအုပ်အောက်ကိုရောက်သွားတဲ့ ကောင်လေးကို ကျားကြီး ရှီးရားခန်းမထိနိုင်ဖြစ်ခဲ့ရတယ်။ လူငယ်လေးဖြစ်လာတဲ့အခါမှာ ကောင်လေးက မော်ဂလီရယ်လို့ ဖြစ်လာတယ်။ သူ့မှာလက်ဦးဆရာ ဝက်ဝံကြီးဘာလူးနဲ့ ကျားသစ်နက် ဘားဂီးရားတို့ရှိတယ်။ သူတို့က မော်ဂလီကိုချစ်တယ်။ မော်ဂလီကိုလည် း တောနဲ့လိုက်အောင်၊ ဝံပုလွေအုပ်ထဲဝင်လို့ရအောင် သင်စရာရှိတာ အကုန်သင်ပေးခဲ့တယ်။ ဒါပေမဲ့ မော်ဂလီက လူ…