Moulting (2026)

Genres: Drama · Action · Science Fiction
ရှေးဟောင်းပုံပြင်တစ်ပုဒ်ကို အနာဂတ်ရဲ့ Cyberpunk ကမ္ဘာထဲ ပြန်လည်အသက်သွင်းလိုက်တဲ့အခါ မိသားစုသံယောဇဉ်၊ ဆင်းရဲနွမ်းပါးမှုနဲ့ အောင်မြင်ချင်စိတ်တွေဟာ သံမဏိစက်ရုပ်တွေရဲ့ တိုက်ပွဲအဖြစ် ပြောင်းလဲသွားပါတယ်။ ဒီတစ်ခါ တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Pu Songling ရဲ့ နာမည်ကျော် Liaozhai Zhiyi ထဲက “促织” ဝတ္ထုကို အခြေခံပြီး အနာဂတ်သိပ္ပံစိတ်ကူးယဉ်နဲ့ အက်ရှင်အရသာတွေ ပေါင်းစပ်ဖန်တီးထားတဲ့ AI Original Sci‑Fi Action Film လေးပဲ ဖြစ်ပါတယ်။ 促织 (2026) ကို TCL လက်အောက်ခံ Thunderbird Pictures က ထုတ်လုပ်ထားပြီး ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ Tencent Video ကနေ သီးသန့်ထုတ်လွှင့်ပေးထားပါတယ်။ ဇာတ်ကားဟာ မိနစ် ၈၁ မျှသာ ကြာမြင့်ပြီး Drama၊ Action နဲ့ Sci‑Fi အမျိုးအစားတွေကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း >> အနာဂတ်ကမ္ဘာကြီးမှာ လူတွေရဲ့ နေထိုင်မှုဘဝဟာ ပိုမိုခက်ခဲလာပြီး အောက်ခြေလူတန်းစားတွေအတွက် ဘဝကို ပြန်လည်တည်ဆောက်ဖို့ အခွင့်အရေးတွေက အလွန်ရှားပါးလာပါတယ်။ နည်းပညာနဲ့ ငွေကြေးအင်အားက လူတန်းစားခွဲခြားမှုကို ပိုမိုကြီးမားစေပြီး အနိုင်ရသူတွေသာ ပိုမိုကောင်းမွန်တဲ့ဘဝကို ရရှိနိုင်တဲ့ ကမ္ဘာတစ်ခု ဖြစ်လာပါတော့တယ်။ အဲဒီလိုအချိန်မှာ အောက်ခြေလူတန်းစားဘဝနဲ့ ရုန်းကန်နေရတဲ့ စက်ပြုပြင်ထိန်းသိမ်းရေးအလုပ်သမား Cheng Ming ဟာ သားဖြစ်သူ Cheng Xingye နဲ့ ဆက်ဆံရေးအဆင်မပြေဘဲ အကွာအဝေးတွေ ဖြစ်နေသူတစ်ယောက်ပါ။ ဖခင်ဖြစ်သူက နေ့စဉ်ဘဝအခက်အခဲတွေနဲ့ ရုန်းကန်နေရသလို သားဖြစ်သူကလည်း ကိုယ့်အိပ်မက်နဲ့ ကိုယ့်တန်ဖိုးကို သက်သေပြချင်စိတ်တွေ ပြင်းပြနေပါတယ်။ တစ်နေ့မှာ Cheng Xingye ဟာ Neural Mimic Beast Competition လို့ခေါ်တဲ့ အာရုံကြောနဲ့ ချိတ်ဆက်ထိန်းချုပ်ရတဲ့ ပုံတူသတ္တဝါပြိုင်ပွဲမှာ မယုံနိုင်လောက်အောင် ထူးချွန်တဲ့ အရည်အချင်းရှိကြောင်း ပေါ်ထွက်…