Moby Dick (1956)

Moby Dick (1956 ) ဒီရုပ်ရှင်က Herman Melvilleရဲ့ နာမည်ကျော်မိုဗီဒစ်ဝတ္ထုကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်။ မိုဗီဒစ်ဝတ္ထုကို နတ်နွယ်တို့ တင်မောင်မြင့်တို့ ဘာသာပြန်ထားတာလည်း ရှိတယ်။ တော်တော်များများလည်း ကဘေကမ္ဘာကတည်းက ဖတ်ဖူးပြီးသားပါပဲ။ ဒီရုပ်ရှင်က ထွက်ခဲ့တဲ့ မိုဗီဒစ်တွေထဲ အကောင်းဆုံးလို့ပြောကြတယ်။ ဂရီဂိုရီပက်ရဲ့ ကပ္ပတိန်အာဟတ်နေရာက သရုပ်ဆောင်သွားတဲ့ စကေးနဲ့တင် ဒါကြီးက လက်ခံလို့တော့ ရတယ်။ အော်ဆန်ဝဲလ် ဘာသာဝင်လုပ်သွားတာအပါအဝင် တခြားသရုပ်ဆောင်တွေကလည်း လိုက်ဖက်တယ်ပြောရမယ်။ ၁၉၅၆တုန်းက The National Board of Review ရဲ့ Top Ten စာရင်းထဲ ဝင်ခဲ့တဲ့ ရုပ်ရှင်လည်း ဟုတ်တယ်။ ဒီကားရဲ့ဒါရိုက်တာ John Hustonကို အကောင်းဆုံးဒါရိုက်တာဆုလည်း The National Board of Review ကပဲ ပေးခဲ့တယ်။ မိုဗီဒစ်ဟာ ရိုးရိုးတန်းတန်း ဝေလငါးလိုက်ဖမ်း လူတစ်စုအကြောင်း ရုပ်ရှင်တစ်ကားလို့လည်း ပြောလို့ရတယ်။ ဝေလငါးနောက်လိုက်တယ်။ ဝေလငါးနဲ့ ရင်ဆိုင်တယ် ဒါပဲ။ ဆိုပေမဲ့ ဒီလောက်မရိုးရှင်းတာက သူ့ Metaphorတွေ။ မိုဗီဒစ်မှာ Metaphorတွေ။ မိုဗီဒစ်ဟာ မူရင်းဝတ္ထုကိုက Metaphorတွေ သိပ်များပေမဲ့ အဲဒီMetaphorတွေအားလုံးကို ဇာတ်က နိုင်နိုင်နင်းနင်း တင်ဆက်နိုင်တဲ့ အရည်အသွေးမျိုးရှိတယ်။ ရုပ်ရှင်မှာလည်း အဲဒီအချက်ကို သယ်လာနိုင်ခဲ့တယ်။ သယ်လာနိုင်အောင်ထည့်ထားရတဲ့ Narrativeတွေလည်း မနည်းဘူးပေါ့။ ကျွန်တော်လည်း Metaphorတွေကို ကြိုက်တဲ့ထဲပါတဲ့လူလို့ပြောရမယ်။ ဆိုပေမဲ့လို့ တစ်ချို့ရုပ်ရှင်တွေမှာ ကျွန်တော်တို့တွေ့ရတာက ကိုယ့်ဇာတ်မှာ Metaphorသာ နင်းကန်ထည့်နေတယ်။ ဇာတ်ရဲ့တာသွားမှု ကာရိုက်တာတွေရဲ့အသက်ဝင်မှုပမာဏတွေက Metaphorတွေကို မနိုင်နင်းတာတွေလည်း ရှိတတ်တယ်။ အဲဒီလို Metaphorတွေကျ စိတ်ညစ်စရာကောင်းတယ်လို့တော့ တစ်ကိုယ်ရေအမြင်အရမြင်တယ်။ အထာကျချင်လို့ ဇွတ်ဇတ်ထည့်လိုက်တဲ့ Met…