M.I.S.S.I.O.N. Opera Undercover Agent (2026)

M.I.S.S.I.O.N. Opera Undercover Agent

Genres: Comedy

M.I.S.S.I.O.N. Opera Undercover Agent (2026) // M.I.S.S.I.O.N.: Kageki na Sennyû Sôsakan (2026) ******************************************** ဂျပန်စုံထောက်ဟာသကားကို နှစ်သက်ကြတဲ့ ပရိသတ်တွေအတွက် အသစ်ထွက်ရှိလာတဲ့ ဒီဇာတ်ကားကတော့ တက္ကသိုလ်ကျောင်းနောက်ခံ အကြမ်းဖက်ရာဇဝတ်မှုခင်းဇာတ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ Yôsuke Gotô ဖြစ်ပြီး Shunsuke Michieda ၊ Shiori Kubo နဲ့ Nagisa Shibuya အဓိက ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း *************** ခါနာတာဟာ တိုကျိုမြို့တော်ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးဌာနခွဲ ၃ က ငယ်ရွယ်ပြီး ထူးချွန်ထက်မြက်တဲ့ စစ်ဆေးရေးမှူးဖြစ်ပါတယ်။ သူ့အားနည်းချက်ကတော့ ပေါင်းသင်းဆက်ဆံရေးညံ့တာပါ။ ခါနာတာရဲ့ ထူးချွန်တဲ့ပြောင်မြောက်တဲ့မှတ်တမ်း‌တွေကြောင့် ရဲတပ်ဖွဲ့ရဲ့ အထူးလက်ရွေးစင်တပ်ဖွဲ့ဖြစ်တဲ့ ပြည်သူ့လုံခြုံရေးဌာနက ဌာနမှူး ဒိုအိဂါကီက သူ့ကို ဆက်သွယ်လာခဲ့ပါတယ်။ ပြည်သူ့လုံခြုံရေးဌာနကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ချင်နေတဲ့ ခါနာတာဟာ .. တိုကျိုမြို့ ၃ ကြိမ်ဆက်တိုက် ဒရုန်းနဲ့ဗုံးခွဲမှုနဲ့ပတ်သက်တဲ့ ဒရုန်းစတင်ပျံသန်းရာ ဆုဘာကီနိုအနုပညာတက္ကသိုလ် စုံစမ်းထောက်လှမ်းဖို့ တာဝန်ပေးအပ်တာကို လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ ဆုဘာကီနိုအနုပညာတက္ကသိုလ်က မိန်းကလေးအများစုတက်နေတဲ့ တက္ကသိုလ်ဖြစ်နေတော့ ခါနာတာဟာ မိန်းကလေးလို ရုပ်ဖျက်ဝတ်စားပြီး မိန်းကလေးဆောင်ထဲကို သွားရောက်နေထိုင်ရပါတော့တယ်။ အဆောင်ကို စရောက်ရောက်ချင်းညမှာပဲ ရီကိုဆိုတဲ့ပန်းချီမေဂျာက မိန်းကလေးက သူ့ကို ယောက်ျားလေးမှန်းသိသွားခဲ့လို့ သူ့ရဲ့ စုံစမ်းထောက်လှမ်းရေးထဲမှာ ပါဝင်ခွင့်ပေးလိုက်ရပါတယ်။ ဗုံးခွဲမှုအပြင် ခါနာတာဟာ ရီကိုရဲ့သူငယ်ချင်း ဂီတပြဇာတ်မေဂျာက ဟာရုန တိုက်ခိုက်ခံရမှုကိုပါ စုံစမ်းပေးရဖို့ ဖြစ်လာတဲ့အခါမှာတော့ ... File size…1.70GB / 760MB Quality… WEB-DL 1080p/ 720p F…

You May Also Like