Lovers of 6 Years (2008)

Lovers of 6 Years

Genres: Drama · Romance

Lovers of 6 Years (2008) *********************** Lovers of Six Years (ကိုရီးယား: 6년째 연애중) ရုပ်ရှင်ဇာတ်ကားလေးကတော့ ၂၀၀၈ ခုနှစ်တွင် ထွက်ရှိခဲ့သော တောင်ကိုရီးယား ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်ပါတယ် .. ဒီဇာတ်ကားမှာ Heroes Next Door ထဲက မင်းသား Yoon Kye-sang နဲ့ 18 Again ထဲက မင်းသမီး Kim Ha-neul တို့က အသက် ၂၀ ကျော်အရွယ်၊ ၆ နှစ်‌ကျော်ကြာ လက်တွဲလာခဲ့ကြသည့် ချစ်သူသက်တမ်းရင့် စုံတွဲတစ်တွဲအဖြစ် သရုပ်ဆောင်ထားကြပါတယ် .. ဇာတ်လမ်းအကျဉ်း *************** Jae-young နဲ့ Da-jin တို့ဟာ ချစ်သူသက်တမ်း ၆ နှစ်ရှိနေပြီဖြစ်တဲ့ စုံတွဲတစ်တွဲဖြစ်ပါတယ် .. ဘေးချင်းကပ်လျက် တိုက်ခန်းမှာ နေထိုင်ကြပြီးတော့ Da-jin က စာအုပ်ထုတ်ဝေရေးကုမ္ပဏီတစ်ခုမှာ အယ်ဒီတာအနေနဲ့ အလုပ်လုပ်ကိုင်ပြီး Jae-young ကတော့ Home Shopping ရုပ်သံလိုင်းတစ်ခုမှာ ထုတ်လုပ်သူအနေနဲ့ အလုပ်လုပ်ပါတယ် .. သူတို့နှစ်ယောက်ဟာ တစ်ဦးအ‌ပေါ်တစ်ဦး အလွန်ရင်းနှီးကျွမ်းဝင်ပြီး အရာရာကို ပွင့်ပွင့်လင်းလင်း ရှိကြတာကြောင့် ချစ်သူသက်တမ်းကို ရေရှည်ထိန်းထားနိုင်ခဲ့တာ ဖြစ်ပါတယ် .. တစ်နေ့မှာ‌တော့ Jae-young က သူ့အပေါ် မှာ ပွင့်ပွင့်လင်းလင်း စိတ်ဝင်စားမှုကို ပြလာတဲ့ ဆွဲဆောင်မှုရှိတဲ့ အလုပ်သင်မိန်းကလေးတစ်ဦးနဲ့ တွေ့ဆုံခဲ့ပါတယ် .. တစ်ဖက်မှာလည်း Da-jinက သူနဲ့ ဝါသနာချင်းတူတဲ့ ဆွဲဆောင်မှုရှိတဲ့ သရုပ်ဖော်ပန်းချီဆရာတစ်‌ဦးနဲ့ အလုပ်ကိစ္စကြောင့် ဆုံခဲ့ရာ Da-jin နှင့် Jae-young တို့ရဲ့ ရေရှည်ခိုင်မြဲခဲ့တဲ့ ဆက်ဆံရေးမှာအက်ကြောင်းတွေ စတင်ပေါ်ပေါက်လာခဲ့ပါတော့တယ် .. သက်တမ်းကြာလာတဲ့ ချစ်သူစုံတွဲကြားမှာ ကြုံတွေ့လာရတဲ့ စိန်ခေါ်မှုအသစ်‌တွေနဲ့အခက်အခဲတွေကို ပုံဖော်ရိုက်ကူးထားတာဖြစ်လို့ ခံစားကြည့်လိုက်ပါဦးနော် .. (၁၈ ဇာတ်ဝင်ခန်း အနည်းငယ်ပါဝင်သောကြောင့် မိသားစုနှင့်အတူ ကြည့်ရှုရန် မသင့်တော်ပါ) File siz…

You May Also Like