Love of Siam (2007)

Love of Siam

Genres: Drama · Romance

ချစ်ခြင်းတရားတိုင်းဟာလှပပါတယ်။ မိဘကသားသမီးအပေါ်ထားတဲ့အချစ် လူငယ်ကျောင်းသားဘဝမှာဖြစ်ခဲ့တဲ့အချစ် ဒါမှမဟုတ် မဖြစ်နိုင်တဲ့ချစ်ခြင်းတွေပေါ့........ ဒီဇာတ်ကားလေးဟာ ထိုင်း BL ရုပ်ရှင်‌လောကရဲ့အစလို့ပြောလို့ရပါတယ်။ ကျွန်မတို့ရဲ့ first love ဇာတ်ကားက Mario Maurer ရဲ့ BL ဇာတ်ကားဆိုလည်းမမှားပါဘူး။ တုန့်(Mario Maurer) နဲ့ မြူ တို့ဟာ ငယ်ငယ်တုန်းက အိမ်နီးနားချင်းသူငယ်ချင်းတွေပါ။ တနေ့မှာ မြူရဲ့အစ်မ တေန် ချင်းမိုင်မှာပျောက်ပြီး ပြန်မလာတဲ့အခါ ပျော်ရွှင်နေတဲ့မိသားစုလေးပျက်စီးပြီး အခြားမြို့ကိုပြောင်းသွားခဲ့တယ်။ အချိန်တွေကြာတဲ့အခါ မြူဟာ ဩဂတ်တီးဝိုင်းရဲ့တေးရေးဆရာ အဆိုတော်ဖြစ်နေပြီး တုန့်ကတော့ ခပ်ဆိုးဆိုးကျောင်းသားလေးဖြစ်နေတာပေါ့။ အချိန်ကြာမှပြန်တွေ့ကြတဲ့ သူတို့နှစ်ယောက်နဲ့သူငယ်ချင်းမေတ္တာကနေ ချစ်ခြင်းမေတ္တာကိုပြောင်းလဲသွားပုံကိုကြည့်ရှုရမှာပါ။ ဒီဇာတ်ကားထဲမှာမြူက သူ့ရဲ့ခံစားချက်ကို သီချင်းလေးတစ်ပုဒ်နဲ့ဖွင့်ဟခဲ့ပါတယ်။ ချစ်ခြင်းရဲ့အဓိပ္ပာယ်များစွာကိုခံစားရမဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာကြောင့် လက်မလွှတ်တမ်းကြည့်သင့်တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ........ Quality.....Blu-Ray 1080p / 720p File Size.....(3.8 GB) / (2.1 GB) Duration.....02:38:00

You May Also Like