Last Chance To Save (2026)

Last Chance To Save

Genres: Drama · Comedy

Last Chance To Save (2026) *************************** ၂၀၂၆ ခုနှစ် မတ်လမှာ ထွက်ရှိထားတဲ့ "Last Chance To Save" (မူရင်း အင်ဒိုနီးရှားခေါင်းစဉ်: Senin Harga Naik) ရုပ်ရှင်က အလုပ်အကိုင် ရည်မှန်းချက်နဲ့ မိသားစုသံယောဇဉ်ကြား ဗျာများရတဲ့ ရင်နင့်စရာ မိသားစု Drama ကားလေးပါ။ မူတီယာက ဆေးဝါးဗေဒတက်ထားပေမယ့် မိသားစုနဲ့ စကားများပြီး အိမ်ခြံမြေကုမ္ပဏီမှာ အရောင်းဝန်ထမ်း သွားလုပ်တဲ့ သမီးလတ်ပါ။ အမေဖြစ်သူ ရက်တ်နိုက သမီးဖြစ်သူရဲ့ အလုပ်ရွေးချယ်မှုကို သဘောမတူလို့ အကြီးအကျယ်ရန်ဖြစ်ပြီး ကျန်ခဲ့ပါတယ်။ သူ့မှာ "Mercusuar" ဆိုတဲ့ နာမည်ကြီး မုန့်တိုက်လေး ရှိပါတယ်။ မူတီယာက သူ့အလုပ်နဲ့ ပတ်သက်ပြီး အမေဖြစ်သူနဲ့ သဘောထားချင်း မတိုက်ဆိုင်တာကြောင့် "ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ပြမယ်" ဆိုပြီး အိမ်ကနေ စိတ်ဆိုးမာန်ဆိုးနဲ့ ထွက်သွားခဲ့ရာကနေ ဇာတ်လမ်းစတာပါ။ သုံးနှစ်ကြာပြီးတဲ့နောက်... မူတီယာဟာ အလုပ်မှာ တော်လွန်းလို့ General Manager ရာထူးတိုးဖို့ အခွင့်အရေး ရလာပါတယ်။ ဒါပေမဲ့ ကုမ္ပဏီဘက်ကပေးတဲ့ ကန်ထရိုက်စည်းကမ်းချက်တစ်ခုက ခေါင်းခဲစရာ ဖြစ်လာတယ်။ အဲဒီစည်းကမ်းချက်က ဘာလဲဆိုတော့ ကုမ္ပဏီရဲ့ အိမ်ခြံမြေ တိုးချဲ့ရေးပရောဂျက်အတွက် မြေနေရာတစ်ခုကို ရှင်းလင်းရမှာဖြစ်ပြီး၊ အဲဒီမြေနေရာက တခြားမဟုတ်ဘဲ သူ့အမေပိုင်တဲ့မုန့်တိုက် ဖြစ်နေတာပါပဲ။ ရာထူးလည်း တိုးချင်၊ အမေ့မျက်နှာလည်း မကြည့်ရဲတဲ့ မူတီယာတစ်ယောက် မတတ်သာတဲ့အဆုံး ၃ နှစ်လုံးလုံး ခြေဦးမလှည့်ခဲ့တဲ့ အိမ်ကို ပြန်လာခဲ့ရပါတော့တယ်။ မူတီယာက သူ့အစ်ကိုအာမယ်လ်၊ ညီမတာ့ရှာတို့နဲ့ လျှို့ဝှက်ပူးပေါင်းပြီး အမေ့ရဲ့ စိတ်ကို ပျော့ပြောင်းလာအောင်၊ မုန့်တိုက်ကို ရောင်းပေးလာအောင် အမျိုးမျိုး စည်းရုံးကြပါတယ်။ ဒါပေမဲ့ အမေဖြစ်သူ ရက်တ်နိုအတွက်ကတော့ အဲဒီမုန့်တိုက်ဟာ ရိုးရိုးဆိုင်တစ်ဆိုင်တင် မဟုတ်ဘဲ တစ်မိသားစုလုံးရ…

You May Also Like