Karen Kingsbury's The Christmas Ring (2025)

Karen Kingsbury's The Christmas Ring (2025) စာရေးဆရာမ Karen Kingsbury ရဲ့ နာမည်ကြီးဝတ္ထုကို ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပြီး တရားဝင်အမည်က Karen Kingsbury's The Christmas Ring ပါ။ ဒီကားဟာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလပိုင်းကမှ ထွက်ရှိထားတဲ့ နွေးထွေးပြီး ရင်ထဲထိစေမယ့် ခရစ္စမတ် အချစ်ဒရမ်မာရုပ်ရှင်ကားလေး ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် ဗနက်ဆာ (Vanessa) ဟာ စစ်ပွဲထဲမှာ ခင်ပွန်းဖြစ်သူ ဆုံးပါးသွားခဲ့တဲ့ မုဆိုးမတစ်ယောက်ပါ။ သူတို့မိသားစုမှာ ဒုတိယကမ္ဘာစစ်ခေတ်ကတည်းက လက်ဆင့်ကမ်းလာခဲ့တဲ့ အရမ်းတန်ဖိုးကြီးတဲ့ ခရစ္စမတ်အမွေအနှစ်လက်စွပ်လေးတစ်ခု ရှိပါတယ်။ ဒါပေမဲ့ နှင်းလျှောစီးရင်း အဲဒီလက်စွပ်လေး ပျောက်ဆုံးသွားခဲ့တာ ၃ နှစ်တောင် ရှိသွားပါပြီ။ ဗနက်ဆာကတော့ မျှော်လင့်ချက်မပျက်ဘဲ ရှေးဟောင်းပစ္စည်းဆိုင်တွေမှာ ဒီလက်စွပ်လေးကို လိုက်ရှာနေတုန်းပေါ့။ တစ်နေ့တော့ ဗနက်ဆာဟာ ရှေးဟောင်းပစ္စည်းဆိုင်တစ်ခုကို ရောက်သွားပြီး အဲဒီဆိုင်ပိုင်ရှင်ရဲ့သား ဘင် (Ben) နဲ့ ဆုံပါတယ်။ ထူးခြားတာက ဘင်ဟာလည်း သူ့ရဲ့ဇနီးသည်က နာတာရှည်ရောဂါနဲ့ ဆုံးပါးသွားခဲ့လို့ အသည်းကွဲနေတဲ့ မုဆိုးဖိုတစ်ယောက် ဖြစ်နေတာပါ။ အတိတ်က နာကျင်စရာ ဒဏ်ရာချင်း တူကြတဲ့သူတို့နှစ်ယောက်ဟာ ခရစ္စမတ်ပွဲတော်အတွက် စစ်မှုထမ်းမိသားစုတွေကို ကူညီတဲ့ ပရဟိတကပွဲတစ်ခုကို အတူတူပြင်ဆင်ရင်းနဲ့ တဖြည်းဖြည်း သံယောဇဉ်တွဲပြီး အချစ်သစ်ကို ပြန်လည်ရှာဖွေမိကြပါတော့တယ်။ ဒါပေမဲ့ ဇာတ်လမ်းရဲ့ အလှည့်အပြောင်းက ဘင်ရဲ့အဖေ ဟောင်းဝပ် (Howard) ဆီကို ရောက်လာတဲ့ ရှေးဟောင်းရတနာအထုပ်ထဲမှာ ဗနက်ဆာရှာနေတဲ့ ပျောက်ဆုံးလက်စွပ်ကြီး ပါလာတာပဲ ဖြစ်ပါတယ်။ အဖေဖြစ်သူက အဲဒီလက်စွပ်က ဗနက်ဆာ့ဟာမှန်း မသိဘဲ တခြားသူဆီ အမြတ်ကြီးကြီးနဲ့ ပြန်ရောင်းဖို့ ပြင်ဆင်နေတဲ့အခါမှာတော့... ဘင်တစ်ယောက် သူ့အဖေကို ဘယ်လိုတားဆီးပြီး ဗနက်ဆာ့ဆီ လက်စွပ်…