Kagemusha (1980)

Genres: Drama · Action · War · History
၁၉၇၅မှာ ရိုက်တဲ့ Dersu Uzalaမတိုင်ခင်ကတည်းက အကျပ်အတည်းတွေတွေ့နေခဲ့တဲ့ ကူရိုဆာဝါဟာ Dersu Uzalaကို ရိုက်ပြီးတဲ့နောက်မှာလည်း ဂျပန်မှာ ဘာကားမှ မရိုက်ဖြစ်ခဲ့ဘူး။ Dersu Uzalaဟာ နိုင်ငံတကာမှာ အောင်မြင်ခဲ့ပေမဲ့လည်း ဂျပန်မှာတော့ ဒီအကြောင်းကို ဘာမှမပြောကြသလောက် ဖြစ်ခဲ့တယ်။ ဒီကာလ ဂျပန်မှာ သူ့ကို အလုပ်လာကမ်းလှမ်းတာဆိုလို့လည်း တီဗီလိုင်းတွေလောက်ပဲရှိခဲ့တယ်။ ကူရိုဆာဝါက ရုပ်ရှင်စစ်စစ်ပဲ ရိုက်ချင်ခဲ့တော့ လက်မခံခဲ့ဘူး။ ဒီကာလမှာ သူနောက်တစ်ကား ထပ်ရိုက်ခွင့်ရပါဦးမလားလို့တောင် သူကြောက်နေခဲ့ရတယ်။ ရုပ်ရှင်မရိုက်ရပေမဲ့လည်း ကူရိုဆာဝါက ရုပ်ရှင်အလုပ်ကိုတော့ မရပ်တန့်ခဲ့ပါဘူး။ နောက်ကားတွေအတွက် ဇာတ်ညွှန်းတွေရေးပြီး သရုပ်ဖော်ပုံတွေလည်းဆွဲခဲ့တယ်။ သူသေသွားတဲ့နောက်မှာတောင် ကျန်နေတုန်းပါပဲ။ သူသေပြီးနောက် မရိုက်ရသေးတဲ့ သူ့ဇာတ်ညွှန်းကို မှီးပြီး ရိုက်ထားတဲ့ကားတွေရှိခဲ့တယ်။ ၁၉၇၇မှာ ဂျော့လူးကတ်စ်ကလည်း ကူရိုဆာဝါရဲ့ The Hidden Fortressရဲ့ လွှမ်းမိုးမှုတွေများတဲ့ Star Warsကို ရိုက်ကူးပြီး အောင်မြင်ခဲ့တယ်။ ဒီနောက်မှာ သူက ကူရိုဆာဝါက ရုပ်ရှင်ရိုက်ဖို့ ဘတ်ဂျက်ရှာဖို့တောင် ခက်ခဲနေတာကို သိသွားတော့ တော်တော်လေး အံ့ဩသွားခဲ့တယ်။ ၁၈၇၈မှာတော့ ကူရိုဆာဝါနဲ့ တွေ့ပြီး Kagemushaကို ရိုက်လို့ရအောင် လူးကတ်စ်က ကူညီပေးခဲ့တယ်။ ဖရန်စစ်ဖို့ဒ်ကော်ပိုလာကိုလည်း တွဲဖက်ပရိုဂျူဆာအနေနဲ့ ခေါ်သွင်းခဲ့တယ်။ ဒီလိုနဲ့ ရုရှက ကူရိုဆာဝါကို ရုပ်ရှင်ပြန်ရိုက်လို့ရအောင် လုပ်ပေးပြီးတဲ့နောက် ၅နှစ်အကြာမှာ ဂျော့လူးကတ်စ်နဲ့ ဖရန်စစ်ဖို့ဒ်ကော်ပိုလာတို့ ကျေးဇူးနဲ့ ကူရိုဆာဝါဟာ သူ့နောက်ဆုံး Eraကို အစပြုနိုင်ခဲ့တယ်။ နည်းနည်းဆန်းတဲ့တစ်ချက်က ကူရိုဆာဝါနဲ့ ကော်ပိုလာတို့က ဒီရုပ်ရှင်အတွက် ဘတ်ဂျက်ရအောင် ဝီစကီကြော်ငြာရိုက်ခဲ့ရသေးတယ်။ အဲဒီထက်ပိုဆန်းတာက ဒီရုပ်ရှင်မှာ ဂျပန်ရှိုးဂ…