Jesters: The Game Changers (2019)

Jesters: The Game Changers (2019) ************************************ ဒီတစ်ခေါက်ဇာတ်လမ်းလေးကတော့ ၂၀၁၉ခုနှစ်မှာ ပြသခဲ့တဲ့ ဒါရိုက်တာ Kim Joo-Ho ရေးသားရိုက်ကူးထားပြီး ဆယ်ဂျိုဘုရင်နဲ့ သစ္စာခံတော်ဝင်မှူးမတ်ခြောက်ဦးအကြောင်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ သမိုင်းနောက်ခံဟာသဇာတ်မြူးကားလေး တစ်ကားဖြစ်ပါတယ်။ အဓိကဇာတ်ဆောင်တွေကတော့ Cho Jin-Woong, Park Hee-Soon, Son Hyun-Joo, Ko Chang-Seok, Kim Seul-Gi, Yoon Park, Kim Min-Sukတို့ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်း **************** တူဖြစ်သူနဲ့ သစ္စာခံ အမတ်ခြောက်ဦးကို သတ်ပြီး ထီးနန်းကို လုယူခဲ့တဲ့ ဆယ်ဂျိုဘုရင်အကြောင်းကို ရေးသားထားတဲ့ 'တော်ဝင်မှူးမတ်ခြောက်ဦး'ဆိုတဲ့ စာအုပ်ဟာ ပြည်သူလူထုကြားထဲ ပျံ့နှံ့နေတာကြောင့် ဆယ်ဂျိုဘုရင် (Park Hee-Soon) က ဒီကိစ္စကို ဖြေရှင်းဖို့ အကြံပေးအမတ်ချုပ် ဟန်မြောင်ဟွယ် (Son Hyun-Joo) ကို တာဝန်ပေးပါတော့တယ်။ ဒါကြောင့် ဟန်မြောင်ဟွယ်က အရည်အချင်းထူးချွန်ပြီး ဉာဏ်နီဉာဏ်နက်များတဲ့ လူပြက်အဖွဲ့ကို လိုက်ရှာပါတော့တယ်။ ပုံပြောသူ ဒေါ့ဟို (Cho Jin-Woong), မျက်လှည့်ဆရာ ဟုန်းချီ (Ko Chang-Seok), နတ်ဝင်သည် ဂွန်းဒေါ့ (Kim Seul-Gi), ပန်းချီဆရာ ဂျင်ဆန်း (Yoon Park), အကသမား ဖာဖွန်း (Kim Min-Suk) တို့ဟာ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ပြောင်းလဲပေးနိုင်တဲ့အထိ အစွမ်းထက်တဲ့ လူပြက်အဖွဲ့ဖြစ်တာကြောင့် ဟန်မြောင်ဟွယ်နဲ့ အပေးအယူလုပ်ကာ ဆယ်ဂျိုဘုရင်ရဲ့ ဂုဏ်ကျက်သရေကို မြှင့်တင်ပြီး ပြည်သူအများရဲ့ ချစ်ခင်လေးစားမှုကို ရရှိဖို့ မျိုးစုံအကွက်ဆင်ကာ ပြည်သူတွေကို လှည့်စားဖို့လုပ်ပါတော့တယ်။ တကယ်ပဲ ဆယ်ဂျိုဘုရင်က ခစားထိုက်တဲ့ ဘုရင်တစ်ပါးဖြစ်မလား၊ ဟန်မြောင်ဟွယ်ကရော သူ့အကျိုးအမြတ်အတွက် လူပြက်အဖွဲ့ကို ဘယ်လိုအသုံးချသွားမလ…