Green Book (2018)

Genres: Drama · Comedy · History
"Green Book" ဟာ ၂၀၁၉ ခုနှစ် အော်စကာဆုပေးပွဲမှာ 'အကောင်းဆုံး ဇာတ်ကားဆု (Best Picture)' နှင့် 'အကောင်းဆုံး ဇာတ်ညွှန်းဆု (Best Original Screenplay)' အပါအဝင် ဆုကြီးသုံးဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ အတ္ထုပ္ပတ္တိ၊ ဟာသနှင့် ဒရာမာ (Biography / Comedy-Drama) ရသပေါင်းစပ်ထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံထားပြီး လူမျိုးရေးခွဲခြားမှု ပြင်းထန်တဲ့ခေတ်က အမေရိကန်တောင်ပိုင်းဒေသကို နောက်ခံထား ရိုက်ကူးထားတာဖြစ်ပါတယ်။ 1962 ခုနှစ်တွေမှာ အမေရိကန်မှာ လူမည်းဖြစ်ရတာသိပ်တော့မလွယ်လှပါဘူး။ အထူးသဖြင့် အမေရိကားရဲ့ တောင်ဘက် ပြည်နယ်တွေမှာဆိုရင်ပေါ့။ ၁၉၆၂ ခုနှစ် နယူးယောက်မြို့မှာ အီတလီ-အမေရိကန် ကလပ်လုံခြုံရေး ဝန်ထမ်းတစ်ဦးဖြစ်တဲ့ တိုနီ လစ်ပ် ဟာ အလုပ်ပြုတ်နေချိန်မှာ ကမ္ဘာကျော် လူမည်း စန္ဒရားပညာရှင် ဒေါက်တာ ဒွန် ရှာလီ ထံမှာ ကားဆရာအဖြစ် အလုပ်ရခဲ့ပါတယ်။ ဒေါက်တာ ရှာလီဟာ အမေရိကန်တောင်ပိုင်းပြည်နယ်တွေကို လှည့်လည်ဖျော်ဖြေဖို့ စီစဉ်ထားပြီး အဲဒီအချိန်က တောင်ပိုင်းဟာ လူမည်းတွေအပေါ် ခွဲခြားဆက်ဆံမှု အလွန်ဆိုးရွားတဲ့ နေရာဖြစ်ပါတယ်။ ဒါကြောင့် ခရီးစဉ်တစ်လျှောက် လူမည်းတွေ လုံခြုံစွာ တည်းခိုစားသောက်နိုင်တဲ့ နေရာတွေကို ညွှန်ပြထားတဲ့ "Green Book" (အစိမ်းရောင်စာအုပ်) ကို အသုံးပြုပြီး သူတို့နှစ်ဦးရဲ့ ခရီးစဉ်ကို စတင်ခဲ့ကြပါတယ်။ ဒီဇာတ်ကားရဲ့ အသက်ကတော့ မင်းသားနှစ်လက်ရဲ့ သရုပ်ဆောင်မှုပါပဲ။ တိုနီဟာ စကားကြမ်းကြမ်းပြောတတ်၊ အစားအသောက်မက်ပြီး ပညာတတ်မဟုတ်သလို လူမည်းတွေအပေါ် ကြိုတင်ကောက်ချက်ချတတ်သူပါ။ ဒေါက်တာ ရှာလီကတော့ ပညာတတ်၊ အနေအထိုင် ကျော့ရှင်းပြီး စည်းကမ်းကြီးသူ ဖြစ်ပါတယ်။ ဒီလို လုံးဝဆန့်ကျင်ဘက်ဖြစ်နေတဲ့ လူနှစ်ယောက် ခရီးသွားရင်း တစ်ယောက်အကြောင်း တစ်ယောက် နားလည်လာကြတဲ့ ဖြစ်စဉ်ကို သဘာဝကျကျနဲ့ ရယ်မောဖွယ်ရာ တင်ဆက်ထားပါတ…