Holiday Unplugged (2026)

Holiday Unplugged

Genres: Romance

ခရစ္စမတ် ရာသီရဲ့ နွေးထွေးတဲ့ အငွေ့အသက်တွေနဲ့အတူ မိသားစု မေတ္တာနဲ့ အချစ်သစ်တစ်ခုကို ကြည်နူးဖွယ် ပုံဖော်ထားတဲ့ Hallmark ရဲ့ ၂၀၂၆ ခုနှစ်ထွက် "Holiday Unplugged (၂၀၂၆)" ဇာတ်ကားသစ်လေးကို တင်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာ Michael Robison ရိုက်ကူးထားပြီး မိသားစုနဲ့အတူ စိတ်အေးလက်အေး ကြည့်ရှုခံစားနိုင်မယ့် Romantic Drama ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ပန်းချီဆရာမလေးတစ်ဦးဖြစ်တဲ့ ဆယ်လီ ရဲ့ မိသားစုဘဝလေးကနေ စတင်ပါတယ်။ သူမဟာ လွန်ခဲ့တဲ့ (၁၀) နှစ်က ကွယ်လွန်သွားခဲ့တဲ့ ခင်ပွန်းဖြစ်သူ ဂျိတ်ခ် ကို အောက်မေ့သတိရရင်း ကောလိပ်ကျောင်းသားအရွယ် သားဖြစ်သူ ကီဂန် (Keegan) နဲ့ ဆယ်ကျော်သက် သမီးလေး ဘူး ) တို့ကို တစ်ယောက်တည်း ပြုစုပျိုးထောင်လာခဲ့သူပါ။ သူတို့မိသားစုအတွက် နှစ်စဉ် ခရစ္စမတ်ရောက်တိုင်း ကွယ်လွန်သွားတဲ့ ဖခင်ဖြစ်သူရဲ့ အမှတ်တရ ဗီဒီယိုဟောင်းလေးတွေကို အတူတူ ပြန်ကြည့်ကြတာဟာ တန်ဖိုးထားရတဲ့ မိသားစု အစဉ်အလာတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ် ခရစ္စမတ် မတိုင်ခင်လေးမှာတော့ ဗီဒီယိုတွေ သိမ်းဆည်းထားတဲ့ အက်ပလီကေးရှင်းရဲ့ ဆာဗာ (Server) ပျက်သွားခဲ့သလို၊ အရန်သိမ်းထားတဲ့ ဆယ်လီရဲ့ ဖုန်းကလည်း မတော်တဆ ပြုတ်ကျပျက်စီးသွားတဲ့အတွက် နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ မိသားစု ဗီဒီယိုမှတ်တမ်းတွေအားလုံး ပျောက်ဆုံးသွားမယ့် အခြေအနေနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ကလေးတွေ စိတ်ထိခိုက်သွားမှာကို စိုးရိမ်တဲ့ ဆယ်လီဟာ ဒီကိစ္စကို ဖုံးကွယ်ပြီး အချိန်ဆွဲထားနိုင်ဖို့အတွက် ဒီနှစ် အားလပ်ရက်မှာ မိသားစုအားလုံး ဖုန်းနဲ့ အီလက်ထရွန်နစ် ပစ္စည်းတွေ လုံးဝမသုံးဘဲ ဖြတ်သန်းကြမယ် ဆိုပြီး စည်းရုံးလိုက်ပါတော့တယ်။ တစ်ဖက်မှာတော့ ဆယ်လီဟာ သူမရဲ့ လုပ်ဖော်ကိုင်ဖက် ကျောင်းဆရာဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိမှာ ဦးလေးဖြစ်သူရဲ့ ပြင်ဆင်ရေးဆိုင်မှာ ကူညီလုပ်ကိုင်နေတဲ့ ဒေမွန်…

You May Also Like