Her Private Hell (2026)

Genres: Horror · Thriller · Science Fiction
"Drive" နဲ့ "The Neon Demon" ဇာတ်ကားတွေကို ဖန်တီးခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာ Nicolas Winding Refn (NWR) ရဲ့ ဆယ်နှစ်အကြာမှ ပြန်လည်ထွက်ရှိလာတဲ့ ၂၀၂၆ ခုနှစ်ရဲ့ အသစ်စက်စက် Sci-Fi/Psychological Thriller ဇာတ်ကားကြီး "Her Private Hell" နဲ့ မိတ်ဆက်ပေးပါရစေ။ ဇူလိုင် (၂၄) ရက်နေ့ကမှ အမေရိကန်မှာ ရုံတင်သွားတဲ့ ဒီကားဟာ သာမန် ဇာတ်လမ်းသွားမျိုးမဟုတ်ဘဲ Art-house ဆန်ဆန် ရိုက်ချက်တွေနဲ့ ကြည့်ရှုသူကို အီလည်လည် ဖြစ်သွားစေမယ့် ကားမျိုးပါ။ ဇာတ်လမ်းက အနာဂတ်မြို့တော်ကြီးတစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်။ မြို့ကြီးတစ်ခုလုံးကို လျှို့ဝှက်ဆန်းကြယ်တဲ့ မြူခိုးတွေ လွှမ်းမိုးထားပြီး အဲဒီမြူတွေထဲမှာ "The Leatherman" လို့ခေါ်တဲ့ ကြောက်မက်ဖွယ် လူသတ်သမား (သို့မဟုတ်) နတ်ဆိုးတစ်ကောင် ခိုအောင်းနေပါတယ်။ တစ်ဖက်မှာတော့ တိမ်တွေအထက်က မိုးမျှော်ဟိုတယ်ကြီးတစ်ခုထဲမှာ Sci-Fi ရုပ်ရှင် လာရိုက်နေတဲ့ မင်းသမီးလေး Elle (Sophie Thatcher) ဟာ သူမရဲ့ ဖခင်ဖြစ်သူ ဒါရိုက်တာ Johnny Thunders နဲ့ ဖခင်ရဲ့ မိန်းမသစ်ဖြစ်လာတဲ့ (သူမရဲ့ ရည်းစားဟောင်းလည်းဖြစ်တဲ့) Dominique တို့ကြားက ရှုပ်ထွေးတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်နေရပါတယ်။ နောက်တစ်ဖက်၊ မြူတွေဖုံးနေတဲ့ မြို့အောက်ခြေမှာတော့ ပျောက်ဆုံးနေတဲ့ သူ့သမီးကို လိုက်ရှာရင်း Leatherman ကို သတ်ဖို့ ကြိုးစားနေတဲ့ စစ်သားဟောင်း Private K (Charles Melton) ဆိုတဲ့ ဇာတ်ကောင်စသဖြင့်... ဒီလုံးဝမသက်ဆိုင်ဘူးလို့ ထင်ရတဲ့ ဇာတ်လမ်းနှစ်ကြောင်းက ကြောက်စရာကောင်းတဲ့ The Leatherman ဆီမှာ ဘယ်လို သွားဆုံကြမလဲ၊ အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ မြူခိုးတွေရဲ့ နောက်ကွယ်က အမှန်တရားက ဘာလဲဆိုတာကို ရူးသွပ်မိုက်မဲစွာ ရိုက်ကူးတင်ဆက်ထားတာပါ။ ဒါရိုက်တာ NWR ရဲ့ ကားတွေထုံးစံအတိုင်း Neon မီးရောင်တွေ၊ အရောင်အသွေးတွေနဲ့ ရိုက်ချက် (Cinemat…