Good Luck, Have Fun, Don't Die (2026)

Good Luck, Have Fun, Don't Die

Genres: Adventure · Action · Science Fiction

Good Luck, Have Fun, Don't Die (2025) 4K IMDb Rating (7.4) / Rotten Tomatoes (83%) Good Luck, Have Fun, Don't Die (၂၀၂၆) ကတော့ Pirates of the Caribbean ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး Gore Verbinski ရဲ့ အမိုက်စား Sci-Fi Dark Comedy ကားသစ်လေးပါ။ သာမန် အက်ရှင်ကားသက်သက် မဟုတ်ဘဲ နည်းပညာနဲ့ AI ကို အလွန်အကျွံ အားကိုးလာတဲ့ လက်ရှိ လူ့အဖွဲ့အစည်းကို အမိအရ သရော်ထားတဲ့ (Satire) ကားကောင်းတစ်ကားဆိုရင် ပိုမှန်မယ်ဗျာ။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းစစချင်းမှာတင် တော်တော်လေး ဆွဲဆောင်မှုရှိတယ်။ လော့စ်အိန်ဂျလိစ်မြို့က Norm's ဆိုတဲ့ စားသောက်ဆိုင် (Diner) ထဲကို မိုးချုပ် ည ၁၀ နာရီ ၁၀ မိနစ်တိတိမှာ ပုံစံဖိုသီဖတ်သီ၊ ဝါယာကြိုးတွေ ပတ်ထားတဲ့ လူတစ်ယောက် (Sam Rockwell) ရုတ်တရက် ဝင်လာတယ်။ သူက အနာဂတ်ကနေ လာတာဖြစ်ပြီး ကမ္ဘာကြီးကို AI တွေ ဖျက်ဆီးမယ့် အန္တရာယ်ကနေ ကယ်တင်ဖို့ ဆိုင်ထဲက လူတွေထဲကနေ အဖွဲ့ဝင်တွေ လာရွေးတာပါတဲ့။ ပိုမိုက်တာက ဒီစားသောက်ဆိုင်ကို သူရောက်လာတာ ဒါနဲ့ဆို အကြိမ်ပေါင်း ၁၁၈ ကြိမ် ရှိနေပြီ။ အရင်အကြိမ်တွေမှာ သူရွေးသွားတဲ့ လူတွေနဲ့ သွားရင်း အဖွဲ့လိုက် သေကုန်လို့ Mission မအောင်မြင်ဘဲ (Groundhog Day ကားလိုမျိုး) အကြိမ်ကြိမ် ပြန်ကြိုးစားနေရတဲ့ ပုံစံမျိုးပေါ့။ ဒါကြောင့် ဒီတစ်ခေါက်မှာ အဆင်ပြေနိုင်မယ့် အဖွဲ့ဝင် ၆ ယောက်ကို သူ အသစ်ပြန်ရွေးထုတ်လိုက်တယ်။ ကာရိုက်တာတွေနဲ့ သူတို့ရဲ့ မစ်ရှင် သူရွေးလိုက်တဲ့ အဖွဲ့ဝင်တွေကလည်း တစ်ယောက်တစ်ပေါက်နဲ့ တော်တော်လေး ဂေါက်ကြတယ်။ မာ့ခ် နဲ့ ဂျန်းနက် (Michael Peña နဲ့ Zazie Beetz): ကျောင်းသားတွေ ဖုန်းသုံးလွန်းလို့ ဇွမ်ဘီတွေလို ဖြစ်နေတာကို နေ့တိုင်း ရင်ဆိုင်နေရတဲ့ ကျောင်းဆရာ လင်မယား။ ဆူဇန် (Juno Temple): ကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်လို့ သားလေး သေဆုံးသွားပြီး၊ အဲဒီသားလေးကို A…

You May Also Like