Forbidden Fruits (2026)

Forbidden Fruits

Genres: Horror · Comedy

Forbidden Fruits (2026) IMDb Rating (6.1) / Rotten Tomatoes (74%) ဒီကားလေးက ၂၀၂၆ ခုနှစ်မှာ အသစ်ထွက်ထားတဲ့ ဟာသရော ဟော်ရာပါ ရောနှောထားတဲ့ စိတ်ဝင်စားစရာ ဇာတ်ကားကောင်းလေး တစ်ကားပါ။ စုန်းမတွေအကြောင်းကို ရှေးခေတ်ပုံစံမျိုး မဟုတ်ဘဲ အခုခေတ် ကုန်တိုက်ကြီးတစ်ခုထဲမှာ အခြေတည်ပြီး ဆန်းဆန်းပြားပြားလေး ရိုက်ပြထားတာ တော်တော်မိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်း တက္ကဆက်စ်ပြည်နယ်က ကုန်တိုက်တစ်ခုထဲမှာ ဖရီး အီဒင် ဆိုတဲ့ အဝတ်အထည်ဆိုင်တစ်ဆိုင် ရှိတယ်။ အဲဒီ ဆိုင်မှာ အလုပ်လုပ်တဲ့ ကောင်မလေးတွေက သူတို့နာမည်တွေကို သစ်သီးနာမည်တွေ ပေးထားကြတယ်။ အက်ပဲလ်၊ ချယ်ရီ နဲ့ ဖစ်ဂ် တို့ပေါ့။ သူတို့က ဆိုင်ကိုလာတဲ့ ဧည့်သည်တွေကို ပစ္စည်းတွေ ဈေးကြီးပေးဝယ်အောင် လိမ်ရောင်းတတ်ကြတဲ့ အရောင်းသမား မိန်းမချောလေးတွေပါ။ ဒါပေမဲ့ သူတို့မှာ လူသိခံလို့မရတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေတယ်။ ဆိုင်ပိတ်သွားတဲ့ ညဘက်တွေဆိုရင် ဆိုင်ရဲ့ မြေအောက်ခန်းထဲမှာ သူတို့ သုံးယောက်က စုန်းမ ဂိုဏ်းလေးတစ်ခု ဖွဲ့ပြီး အောက်လမ်းပညာတွေ လုပ်ကြတယ်။ တစ်နေ့တော့ ကုန်တိုက်ရဲ့ အစားအသောက်တန်းမှာ အလုပ်လုပ်တဲ့ ပမ်ပကင် ဆိုတဲ့ ကောင်မလေး အသစ်ရောက်လာတယ်။ အက်ပဲလ်တို့ ဂိုဏ်းထဲကို ပမ်ပကင် တစ်ယောက် ဝင်လာတဲ့အခါမှာတော့ သူတို့ရဲ့ ဟန်ဆောင်ထားတဲ့ ညီအစ်မ သံယောဇဉ်တွေ၊ ဖုံးကွယ်ထားတဲ့ အမှောင်ဘက်ခြမ်းတွေ အကုန် ပေါ်လာပါတော့တယ်။ ဒီကားမှာ ဇာတ်လမ်းအလှည့်အပြောင်းလေးတွေ၊ သွေးထွက်သံယို အကြမ်းစား အခန်းလေးတွေ ပါသလို၊ မိန်းကလေး သူငယ်ချင်းတွေကြားက အားပြိုင်မှုတွေကိုပါ ပေါ့ပေါ့ပါးပါးနဲ့ ရင်ခုန်စရာ ကြည့်ရမှာပါ။ မင်းသမီး လီလီ ရိုင်းဟတ်၊ လိုလာ တန်၊ ဗစ်တိုးရီးယား ပက်ဒရက်တီ တို့လို နာမည်ကြီး သရုပ်ဆောင်တွေ အများကြီး ပါဝင်ထားပြီး သူတို့ရဲ့ သရုပ်ဆောင်ချက်တွေကလည်း အံဝင်ခွင်ကျဖြစ်ပြီး ကြည့်ရတာ တန်တယ်။ အဆုံးသတ်မှာ အက်ပဲလ်…

You May Also Like