Fantastic Four (2015)

Fantastic Four

Genres: Adventure · Action · Science Fiction

Review ကိုတော့ အရင် FF ကားတွေကိုကြည့်ပီးတဲ့သူတိုင်းသိမှာဖြစ်တဲ့အတွက်မပေးလိုတော့ပါ သူတို့ရဲ့အကြောင်းပဲ အနည်းအကျဉ်းမိတ်ဆက်ချင်ပါတယ်။ Fantastic Four ဇာတ်လမ်းကို Stan Lee က ဖန်တီးရေးသားခဲ့ပြီး ရေးခဲ့ရတဲ့အကြောင်းအရင်းကတော့ အဲ့ဒီအချိန်မှာ DC က Justice League of America ဆိုပြီး Superhero အဖွဲ့ ကိုစတင်မိတ်ဆက် နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် Stan Lee က Marvel ရဲ့ ပထမဆုံး စူပါဟီးရိုး အသင်းကို ဖန်တီးဖို့ အတွက် စီစဉ်ပါတော့တယ်။ ဒါပေမယ့် သူက DC လို လိုက်ပြီး မလုပ်ချင်တာရယ်၊ သူ့ရဲ့ Superhero အဖွဲ့ကို တမူထူးခြားအောင် လုပ်ဖို့စီစဉ်ပါတယ်။ ဒါ့အပြင် Stan က သူ့ရဲ့ အဖွဲ့ကို Secret Identity လည်း မရှိစေချင်သလို ကာတွန်းထဲမှာပါမယ့် Superhero ရဲ့ ချစ်သူ ကို အားနွဲ့တဲ့ မိန်းကလေး မဖြစ်စေချင်ပါဘူး။ Superman နဲ့ Lois Lane လို မဖြစ်စေချင်တာပါ။ Lois က Superman က Clark Kent ဆိုတာမသိသလို သူမကို တစ်ချိန်လုံး ကယ်တင်နေရပါတယ်။ ဒါကြောင့် Stan က သူ့ရဲ့ အဖွဲ့ကို လုံး၀ Secret ID မရှိစေပဲ လူသိရှင်ကြား ကြေငြာထားသလို၊ Reed နဲ့ Sue ကလည်း အဖွဲ့သားတွေလည်းဖြစ် ချစ်သူတွေလည်း ဖြစ်ကြပါတယ်။ သူတို့အချင်းချင်း ဘာလုပ်လည်းဆိုတာလည်း သိသလို Sue Storm (Invisible Woman) က သူတို့အဖွဲ့မှာ အရေးပါတဲ့ member တစ်ယောက် ဖြစ်လာပါတယ်။ ဒါ့အပြင် သာမန် sidekick မထည့်တော့ပဲ လူငယ် အဖွဲ့ဝင်အဖြစ် Johnny Storm (Human Torch) ကို ထည့်ပေးလိုက်ပြီး Sue ရဲ့ မောင်အဖြစ်ထည့်ပေးလိုက်ပါတယ်။ နောက်ဆုံးတစ်ယောက်ကိုတော့ ကျန်တဲ့ အဖွဲ့ဝင်တွေထက် ပိုထူးခြားအောင် လုပ်ချင်တာကြောင့် Ben Grimm ကို Rock Monster အဖြစ် လုပ်ဖန်တီးလိုက်ပြီး The Thing လို့အမည်ပေးလိုက်ပါတယ်။ ဒီကနေ Fantastic Four ဖြစ်လာပြီး သူတို့အဖွဲ့ကို ပထမဆုံး အကြိမ်အဖြစ် Nov 1961 မှာ Fantastic Four issue #1 မှာ စတင်မိ…

You May Also Like