Dune (1984)

Genres: Adventure · Action · Science Fiction
Frank Herbertရဲ့ နာမည်ကျော် Duneဝတ္ထုတွဲတွေကို ရိုက်ထားတဲ့ အစောဆုံးက Dune (1984) ပါပဲ။ ရိုက်တဲ့ ဒါရိုက်တာကလည်း GOATကြီး ဒေးဗစ်လင့်ချ်ပေမဲ့ တော်တော်ဝေဖန်ခံလိုက်ရတဲ့ ရုပ်ရှင်လည်းဟုတ်ခဲ့တယ်။ ဖရန့်ဟားဘတ်က ၁၉၆၅မှာ ပထမဆုံးစာအုပ်ဖြစ်တဲ့ Dune ကို ထုတ်ခဲ့ပြီး မဆုံးခင် ၁၉၈၆မတိုင်ခင်အထိ နောက်ဆက်တွဲ ငါးအုပ် ဆက်ထုတ်ခဲ့တယ်။ ဆုံးပြီးတဲ့နောက်မှာလည်း သူ့သားက ဟားဘတ်ရဲ့ ယူနီဗာ့စ်ကြီးကို ဆက်ချဲ့ထွင်နေတုန်းပါပဲ။ ရုပ်ရှင်အနေနဲ့တော့ Denis ရဲ့ ၂ကားနဲ့ ဒီတစ်ကားနဲ့မှ ၃ကားပဲရှိပြီး ပထမအုပ်ကို ရိုက်ပြထားတဲ့ Dune (2000)နဲ့ ဒုတိယအုပ်နဲ့ တတိယအုပ်ကိုရောရိုက်ပြထားတဲ့ Children of Dune (2003)တို့ကို ထုတ်ခဲ့တယ်။ ၁၉၇၁မှာ အားလုံးထက် ရိုက်ဖို့လုပ်ခဲ့တာအစောဆုံးနဲ့ မဖြစ်လာခဲ့တဲ့ Jodorowskyကတော့ ဒိုကူမန်ထရီအနေနဲ့ ထုတ်ထားသေးတယ်။ သူက သီချင်းအတွက် Pink Floydတို့ Magmaတို့ကို ထည့်ဖို့လုပ်ခဲ့ပြီး ပန်းချီဆရာဒါလီတို့ အော်ဆန်ဝဲလ်တို့ကိုပါ ခေါ်သုံးဖို့လုပ်ခဲ့တာပါ။ ဖြစ်လာခဲ့ရင်တော့ ရှယ်ပဲနေပါမယ်။ဆိုပေမဲ့ ဖြစ်မလာခဲ့ပါဘူး။ နောက်တစ်ယောက်ကတော့ Laurentiisဆိုတဲ့ အီတလီပရိုဂျူဆာပါ။ သူက ဖရန့်ဟားဘတ်ကို ဇာတ်ညွှန်းသွားရေးခိုင်းပြီး Ridley Scottကို ငှားခဲ့ပါတယ်။ ဆိုပေမဲ့ စကော့က နှုတ်ထွက်သွားပြီး ဖြစ်မလာခဲ့ပါဘူး။ ဒီနောက် သူကပဲ လင့်ချ်ကို ကမ်းလှမ်းခဲ့တယ်။ လင့်ချ်က ဇာတ်ညွှန်းကို ပြန်ပြင်ပြီး ၂ကားစာ ခွဲထုတ်ခဲ့ပေမဲ့ တကယ်တမ်း တစ်ကားတည်းအဖြစ် ကျုံ့သွားခဲ့တယ်။ အဖြစ်အပျက်လည်း သိပ်မစုံခဲ့ဘူး။ပြထားတာကလည်း ဝေဝါးလွန်းသွားခဲ့တယ်။ ဒီလိုနဲ့ ဝေဖန်ခံရဖို့ ဖြစ်လာခဲ့တယ်။ တကယ်တမ်း လင့်ချ်က Dune Messiahကိုပါ ဆက်ရိုက်ဖို့ ရေးခဲ့သေးပါတယ်။ နောက်တော့ ဒန်းနစ်ရဲ့ဆုပေါင်းများစွာရခဲ့တဲ့ Dune ၂ကား ထွက်လာတာပါပဲ။ Frank Herbertရဲ့ တင်ဆက်ချင်ပုံကလည်း စွန့်စားခန်းကားထက် နို…