Dirty Grandpa (2016)

Genres: Comedy
Dirty Grandpa (2016) IMDb Rating (5.9) / Rotten Tomatoes (10%) ဒီဟာသကားမှာ De Niroနဲ့ Zac Efron တို့က မြေးအဘိုးအဖြစ် သရုပ်ဆောင်ထားတယ်။ ဇာတ်ကတော့ သူ့နာမည်အတိုင်းပါပဲ တော်တော်ဆိုးတဲ့ ဘိုးဘိုးနဲ့ သူ့မြေးလေးရဲ့ ဆက်ဆံရေးအကြောင်းပေါ့။ Ratingကတော့ ရုပ်ရှင်ထဲ အောက်လုံးတွေ မဟားဒရားများတာကြောင့် အဓိက ထိုးကျနေခဲ့တယ်။ မင်းသမီးနဲ့ မင်းသားကြားက ကာရိုက်တာ Development ဒီလောက်မကောင်းတာကြောင့်လည်းပါမှာပါ။ မာစတာပိစ်ကားတော့မဟုတ်ပေမဲ့ စုတ်ပြတ်သတ်နေတာပဲဆိုတဲ့အချက်ကိုတော့ ကျွန်တော်တော့ လက်မခံနိုင်ဘူး။ ဇာတ်အပိုင်း ပြန်ဆက်ရရင် De Niroရဲ့ ဇာတ်ကောင် အဘိုးကာရိုက်တာက အဘိုးကာရိုက်တာဆိုတာနဲ့ ဆန့်ကျင်နေအောင်ပဲ မတရားညစ်တီးညစ်ပတ်နိုင် ရိုင်းစိုင်းနိုင်လွန်းတယ်။ မိန်းမက ဒီနေ့သေသွားတယ်။ နောက်နေ့ပဲ ကောလိပ်ကျောင်းသူလေးနဲ့ အိပ်ဖို့ ဂွင်လိုက်ဖန်နေတာတို့ ဆေးချလိုက် အောက်လုံးတွေ လှိုင်လှိုင်သုံးလိုက် လုပ်နေတာတို့ ဘာတို့ပေါ့။ နောက် သူက နောက်တစ်ပတ်လက်ထပ်တော့မယ့် သူ့မြေးကို လက်မထပ်ဖြစ်အောင် တားဖို့ အကြံမျိုးစုံ ထုတ်သုံးနေတာရောပေါ့။ ဒါက မဖြစ်သင့်တဲ့ ကိစ္စတွေလို့ ထင်ရပါတယ်။ ဝေဖန်ရေးဆရာတွေကတော့ " ငါတို့ ကမ္ဘာကြီးက ဘာဖြစ်သွားတာလဲ"ဆိုတဲ့ စကားလုံးမျိုးနဲ့ ဝေဖန်ကြတယ်။ ပြန်ထောက်ရရင်တော့ ဒီဇာတ်က ပြချင်တဲ့အရာနဲ့ ပြန်တိုင်းတာရင် De Niroဇာတ်ကောင်က ဘာမှမမှားနေပါဘူး။ ဒီဇာတ်မှာ ဒီအဘိုးကြီးကလွဲ ကျန်တဲ့ ကာရိုက်တာတော်တော်များများက ယဉ်ကျေးသမှုနဲ ဖုံးကွယ်ထားတဲ့ ကမ္ဘာကြီးရဲ့ တစ်ဘက်ခြမ်းမှာချည်းပါပဲ။ ဒီအဘိုးကြီးကတော့ ဒီကမ္ဘာကြီးကို ဒီလိုမြင်ပုံမရပါဘူး။ ဒါကိုလည်း သူ့ကာရိုက်တာမှာ တည်ဆောက်ပြီးသားပါ။ သူ့ကာရိုက်တာ ဗီယက်နမ်စစ်ပွဲမှာ အထူးတပ်က ဝင်ဆော်ခဲ့တဲ့ဘဲပါပဲ။ အရက်စက်ဆုံးကမ္ဘာကြီးကို မြင်လာပြီးတဲ့နောက် ယဉ်ကျေးမှုနဲ့ဖုံးကွယ်ထားတဲ့ ကမ္ဘာကြီးကို…