Dallas Buyers Club (2013)

Dallas Buyers Club

Genres: Drama · History

Matthew McConaughey ကိုနာမည်မကြားဖူးတောင် လူတိုင်းရုပ်မြင်တာနဲ့ သိလောက်မယ့်သရုပ်ဆောင်တယောက်ပါ။ တက္ကဆက် ရီုဒီရိုကောင်းဘွိုင်စတိုင်နဲ့ တက္ကဆက်စတိုင်စကားပြောနဲ့ သရုပ်ဆောင်အလွန်ကောင်းပါတယ်။ သူ့ကို ကြိုက်တဲ့သူဆိုရင် ဒီဇာတ်ကားက ကြည့်ကိုကြည့်သင့်တဲ့ကားထဲမှာပါပါတယ်။ ဒီဇာတ်ကားက သူ့ကို ၂၀၁၄ အော်စကာမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ထိုက်ထိုက်တန်တန်ကြီးကို ရစေခဲ့တဲ့ရုပ်ရှင်ဇာတ်ကားပါ။ မင်းသား Matthew ဟာ ရွန် ဝုဒ်ရုဖ် နေရာမှာ သရုပ်ဆောင်ဖို့အတွက် သူ့ရဲ့ ခန္ဓာကိုယ်အလေးချိန် ပေါင် ၄၀ အထိ (အစွန်းရောက် ပိန်ကျုံးသွားသည်အထိ) လျှော့ချခဲ့ပါတယ်။ အစပိုင်းမှာ လိင်တူချစ်သူတွေကို မုန်းတီးပြီး အတ္တကြီးတဲ့ လူကြမ်းတစ်ယောက်အဖြစ်ကနေ၊ နောက်ပိုင်းမှာ ရောဂါဝေဒနာရှင်တွေကို ကူညီကယ်တင်ပေးတဲ့ ခေါင်းဆောင်တစ်ယောက်အဖြစ် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲသွားပုံကို အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ သူနဲ့အပြိုင် ပီပီပြင်ပြင်သရုပ်ဆောင်သွားနိင်တာကတော့ Suicide Squad နဲ့ Morbious ထဲက မင်းသား Jared Leto ပါပဲ။ သူ့သရုပ်ဆောင်က ဒီဇာတ်ကားထဲမှာ Matthew McConaughey ထက်မပိုရင်တောင် သူနဲ့အတူတူကောင်းလောက်တဲ့အထိကို လိင်ကွဲချစ်သူ ရေယွန်ဆိုတဲ့ ဇာတ်ကောင်ကို ပီပီပြင်ပြင်သရုပ်ဆောင်သွားနိုင်ပါတယ်။ Jared ရဲ့ ဒီသရုပ်ဆောင်မှုဟာ ပရိသတ်တွေကို မျက်ရည်ကျစေခဲ့ပြီး သူ့အတွက်လည်း 'အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု' (Best Supporting Actor) အော်စကာဆုကြီးကို ရရှိစေခဲ့ပါတယ်။ ဒီဇာတ်ကားက ဇာတ်လမ်းအနေနဲ့လဲ ၁၉၈၅ ခုနှစ်ဝန်းကျင်က HIV လူနာတွေရဲ့ ဘဝတွေ ကိုအကောင်းဆုံးထင်ဟပ်စေပြီးတော့ ကုသဖို့ဆေးစပ်သပ်ဆဲ ကာလတွေမှာ FDA ရဲ့ ငွေမက်မှုတွေ ကူးစက်ခံလူနာတွေအပေါ်ထားတဲ့ လူတွေရဲ့ သဘောထားတွေကို ကွံက်ကွက်ကွင်းကွင်းကြီးမြင်အောင်ပြသနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့…

You May Also Like