Certified Copy (2010)

Certified Copy

Genres: Drama · Romance

Certified Copy (2010) IMDb Rating (7.2) / Rotten Tomatoes (89%) လူဟာ တစ်စုံတရာကို အမြဲ ဖွေရှာတယ်။ အဲဒီရှာဖွေတဲ့ တစ်စုံတရာဟာ ဘာမဆိုဖြစ်နိုင်တယ်။ ကိုယ်ပိုင်အတွေးအမြင် ကိုယ်ပိုင်စံနှုန်းအရ မျိုးစုံကွဲပြားနိုင်တယ်။ မရှာတဲ့နည်းနဲ့လည်း ရှာတယ်။ ရှာတဲ့နည်းနဲ့လည်း ရှာတယ်။ တွေ့မတွေ့ကတော့ မပြောတတ်ဘူး။ ရုပ်ရှင်မှာလည်း တစ်စုံတရာကို ရှာကြတာပါပဲ။ ပြောခဲ့သလို မရှာတဲ့နည်းနဲ့ရော ရှာတဲ့နည်းနဲ့ရောပေါ့။ ဒါက ကြည့်တဲ့လူအတွက် သက်သက်ပဲမဟုတ်ဘူး။ ရိုက်တဲ့လူအတွက်လည်း အတူတူပဲ။ ရသတစ်ခုကိုလား။ အမြင်တစ်ခုကိုလား။ ရုပ်ရှင်မှာ ကျွန်တော်တို့ ဘာကိုရှာလဲ။ ရသကတော့ သေချာတယ်။ အတွေးအမြင်တစ်ခုကရှာဖွေဖို့ ဟုတ်မဟုတ်မှာတော့ အမြင်ကွဲကြတယ်။ ဒါက ဟုတ်တော့ ဟုတ်တယ် မဟုတ်ဘူး ဆိုတာမျိုးပဲ။ ဘယ်လိုလဲဆို အရွယ်တွေကြာလာတဲ့အမျှ ကျွန်တော်တို့လုပ်ရတာက ကိုယ်ပိုင်အတွေးအခေါ်တစ်ခုကို တည်ဆောက်ခြင်းပဲ။ ဒါက ခက်တော့ခက်ခဲတယ်။ မသေချာတာတွေ ဝေဝါးတာတွေချည်းပဲ ဆိုလည်း မမှားဘူး။ အမှန်ဆိုတာ မရှိဘူးလို့ ပြောလာရင်လည်း ငြင်းမရဘူး။ ကြာလာလေ ယုံချင်တာတစ်ခုကိုတော့ သေသေချာချာတည်ဆောက်ပြီး ယုံတတ်ဖို့ လိုလာလိမ့်မယ်။ မဟုတ်ခဲ့ရင် ဝေဝါးလွန်းတဲ့ ဒီကမ္ဘာကြီးမှာ ပြိုလဲသွားနိုင်တယ်။ ကောင်းတာဆိုးတာတွေထက် တစ်ခုခုကို သေသေချာချာ ယုံကြည်တတ်ဖို့ လိုလာလိမ့်မယ်။ စာအုပ်တစ်အုပ်၊ ကဗျာတစ်ပုဒ်၊ ပန်းချီတစ်ချပ်၊ ရုပ်ရှင်တစ်ကား၊ အဖြစ်အပျက်တစ်ခု။ ဘယ်ကနေဖြစ်ဖြစ် အမြင်တွေဟာ ဆင့်ပွားပြီး တစ်ဆင့်ချင်း ဝင်လာလိမ့်မယ်။ မတူတဲ့လူတွေဆီက မတူတဲ့အမြင်တွေပေါ့။ အကုန်လက်ခံဖို့တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါကြောင့်ပဲ အတွေးအမြင်တစ်ခုရှာဖို့ဆိုတာ ဟုတ်လည်း ဟုတ်တယ် မဟုတ်လည်း မဟုတ်ဘူးဆိုတဲ့ အခြေအနေတစ်ခုဖြစ်နေတာ။ တစ်စထက်တစ်စ တစ်ခုခုကို အခိုင်အမာတည်ဆောက်ပြီး မလိုအပ်တာတွေ ဖယ်ထုတ်ပစ်လိုက်ဖို့လည်း ဖြစ်နိုင်တယ်။…

You May Also Like