Captain America: The Winter Soldier (2014)

Genres: Adventure · Action · Science Fiction
Marvel Cinematic Universe: Phase Two ကတော့ Phase One ရဲ့ အောင်မြင်မှုကြောင့် ပရိတ်သတ်အများအပြားရဲ့ယုံကြည်မှုနဲ့ အားပေးမှုကို အရံသင့်ရရှိခဲ့ပြီး ခန့်ညားထည်ဝယ်စွာဆက်လက်တင်ဆက်နိုင်ခဲ့ပါတယ်။Phase 2 မှာတော့ Infinity Stone ခေါ် စကြာဝဠာကျောက်တုံး(၆) တုံးနဲ့ စကြာဝဠာလူကြမ်းကြီး သားနို့စ်အကြောင်းတွေ ပိုမိုပါဝင်လာခဲ့ပါပြီ။ Phase 1 တုန်းက Solo မိတ်ဆက်ခဲ့တဲ့ လူစွမ်းကောင်းတွေကို Phase 2 မှာ ပိုမိုစုစည်းမြင်တွေ့လာရပြီး MCU ရဲ့ ကြီးမားကျယ်ပြန့်တဲ့ Universe ကို ထပ်မံချပြနိုင်ခဲ့ပါတယ်။ MCU Phase 1/2/3 ကို The Infinity Saga လို့ပေါင်းခေါ်ပြီးတော့ MCU Phase 4/5/6 ကိုတော့ The Multiverse Saga လို့ ပေါင်းခေါ်ကြပါတယ်။ Phase 2 မှာတော့ ရုပ်ရှင် ၆ ကားရှိပြီး အောက်ပါအတိုင်း အစဉ်လိုက် ကြည့်ရှုကြရမှာပါ။ Iron Man 3 (2013) Thor: The Dark World (2013) Captain America: The Winter Soldier (2014) Guardians of the Galaxy (2014) Avengers: Age of Ultron (2015) Ant-Man (2015) Marvel Cinematic Universe ဇာတ်ကားအားလုံးကို CM App>>>https://www.cmapp.tv/?share=15957066C1681DF နဲ့ https://www.entzip.com/category/special-package/mcu/ ဒီလင့်တွေမှာ ကြည့်လို့ရပါတယ်။ Captain America: The Winter Soldier (2014) IMDb Rating (7.7) / Rotten Tomatoes (90 %) Captain America: The Winter Soldier" (2014) သည် Marvel Cinematic Universe (MCU) Phase 2 ရဲ့ တတိယမြောက် ဇာတ်ကားဖြစ်ပြီး၊ Captain America (Steve Rogers) ရဲ့ ယုံကြည်မှုတွေ၊ စည်းကမ်းတွေနဲ့ SHIELD အဖွဲ့အစည်းရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရင်း၊ စိတ်ဝင်စားဖွယ် တိမ်မြှုပ်နေတဲ့အကြောင်းအရာတွေကို မြင်တွေ့ရမှာပါ။ Steve Rogers (Captain America) နဲ့ Natasha Romanoff (Black Widow) တို့ရဲ့ ပ…