

Cannonball
ComedyAction
Director: Paul Bartel
"The annual Trans-American outlaw road race - A cross country demolition derby without rules!"
Cannonball! (1976)
------------------
အမေရိကန် အနောက်ဘက်ကမ်းခြေ လော့စ်အိန်ဂျလိစ်မြို့ကနေ အရှေ့ဘက်ကမ်းခြေ နယူးယောက်မြို့အထိ တစ်နိုင်ငံလုံးကို ဖြတ်ကျော်ပြီး... စည်းကမ်းမဲ့ ဥပဒေပြင်ပကနေအပြင်းမောင်းနှင်ကြတဲ့ ကားပြိုင်ပွဲကြီးအကြောင်းကို ရိုက်ကူးထားတဲ့ အမေရိကန် Action / Comedy / Racing ရုပ်ရှင်ကားဟောင်းဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ အမေရိကတိုက်ကြီးကို ဖြတ်ကျော်ပြီး တရားမဝင် လျှို့ဝှက်ကျင်းပတဲ့ "Cannonball Grand Prix" လို့ခေါ်တဲ့ ကားပြိုင်ပွဲကြီးအကြောင်း ဖြစ်ပါတယ်။ ဒီပြိုင်ပွဲရဲ့ စည်းကမ်းက ရိုးရိုးလေးပါပဲ— လော့စ်အိန်ဂျလိစ်မြို့ကနေ နယူးယောက်မြို့အထိဘယ်လမ်းကနေဖြစ်ဖြစ်၊ ဘယ်လိုနည်းလမ်းနဲ့ဖြစ်ဖြစ် အမြန်ဆုံး ရောက်ရှိတဲ့သူဟာ အမေရိကန်ဒေါ်လာ တစ်သိန်း ဆုကြေးငွေကို အပိုင်ရရှိမှာ ဖြစ်ပါတယ်။ ၁ သိန်းဆိုတာ အဲ့ဒီခေတ်က အရမ်းကိုများတဲ့ပမာဏပါ..
ဒီဆုကြေးငွေကြီးကို မျက်စိကျတဲ့ ပြိုင်ပွဲဝင်တွေဟာ ကမ္ဘာ့အဆင့်မြင့် ပြိုင်ကားအဆန်းကြီးတွေကိုယ်စီနဲ့ ဝင်ရောက်ယှဉ်ပြိုင်ကြပါတော့တယ်။ ဇာတ်လိုက်ဖြစ်သူ ကိုယိုတီ ဘိတ်စ်ဟာ ထောင်ကလွတ်လာခါစ ကားမောင်းသမားတစ်ဦးဖြစ်ပြီး ဘဝသစ်စတင်ဖို့ ဒီပြိုင်ပွဲကို ဝင်ပြိုင်တာပါ။ ဒါပေမဲ့ ပြိုင်ပွဲက သာမန်အားကစားပြိုင်ပွဲ မဟုတ်ဘဲ... ပြိုင်ဘက်တွေကတစ်ဆင့် လမ်းမှာ တစ်ယောက်ကိုတစ်ယောက် ထောင်ချောက်ဆင်တာ၊ ကားချင်းတိုက်ပြီး လူသတ်ဖို့အထိ ကြိုးစားတာ၊ ရဲတပ်ဖွဲ့ရဲ့ လိုက်လံဖမ်းဆီးမှုတွေကို ရှောင်ကွင်းရတာတွေကြောင့်... တစ်နိုင်ငံလုံးက လမ်းမတွေပေါ်မှာ ကားအက်ဆီးဒင့်တွေ၊ ကမောက်ကမ ဟာသပြကွက်တွေနဲ့ ဘယ်သူက နောက်ဆုံးပန်းတိုင်ကို အသက်ရှင်လျက် ရောက်သွားမလဲဆိုတာကို စိတ်လှုပ်ရှားစရာ ရိုက်ပြထားပါတယ်။
Download Links
WEB-DL720p1.27 GB
⌄