Cactus Pears aka Sabar Bonda (2025)

Cactus Pears aka Sabar Bonda (2025) “ဆူးကြားက ပွင့်လန်းလာတဲ့ အချစ်” IMDb - 7.4/10 ဖခင်ဖြစ်သူ ဆုံးပါးသွားလို့ မွမ်ဘိုင်းမြို့ကြီးမှာ အလုပ်လုပ်နေတဲ့ အာနန်တစ်ယောက် မွေးရပ်ဇာတိဆီကို ပြန်လာခဲ့ရပါတယ်။ ရိုးရာဓလေ့အရ ဆယ်ရက်ကြာ ဝမ်းနည်းခြင်းအခမ်းအနားတွေကို လိုက်နာရင်းကနေ အသက်သုံးဆယ်ကျော်ပြီမို့ အိမ်ထောင်ပြုဖို့အရေး မိသားစုကတဖုံ ပတ်ဝန်းကျင်ကတမျိုး နားပူနားဆာ လုပ်ခံနေရတာပေါ့။ ဒါပေမဲ့ အာနန်က လိင်တူချစ်သူတယောက်ဖြစ်နေတာကို ဖွင့်ပြောဖို့ ခက်ခဲနေတာမို့ ဆွေမျိုးအသိုင်းအဝိုင်းတွေကြားမှာ ဗျာများနေရပါရော။ ဒီမှာပဲ ငယ်သူငယ်ချင်း ဘာလျာနဲ့ ပြန်တွေ့ပြီး သူတို့ကြားက ဆက်ဆံရေးက တဆင့်ပြီးတဆင့် ပြောင်းလဲလာခဲ့ပါတယ်။ ရိုးရာဓလေ့တွေနဲ့ လူမှုအသိုင်းအဝိုင်းရဲ့ မျှော်လင့်ချက်တွေကြားမှာ သူတို့အချစ်က ဘယ်လိုဆက် ရှင်သန်မလဲ၊ ဆယ်ရက်တာ ဝမ်းနည်းခြင်းကာလ ကုန်ဆုံးသွားတဲ့အခါ ဒီသံယောဇဉ် အဆုံးသတ်သွားမှာလားဆိုတာ...။ File size… 1.24 GB / 887 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration…. 1h 54m Subtitle….Myanmar Subtitle (Hard Sub)