Broken Years (aka) Parçalı Yıllar (2026)

Broken Years (aka) Parçalı Yıllar

Genres: Drama · Comedy

မိုင်းနောက်ခံ ဒရာမာဇာတ်ကားကောင်းတွေနဲ့ အနုပညာရှင်တစ်ယောက်ရဲ့ ဘဝရုန်းကန်မှုကို လေးလေးနက်နက် ပုံဖော်ထားတဲ့ ဇာတ်ကားတွေကို နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် ဒီနေ့မှာတော့ ၂၀၂၆ ခုနှစ်ထွက် တူရကီ ဒရာမာဇာတ်ကားသစ် "Broken Years (aka) Parçalı Yıllar (၂၀၂၆)" ကို တင်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာ Hasan Tolga Pulat ကိုယ်တိုင် ဇာတ်ညွှန်းရေးသား ရိုက်ကူးထားပြီး တူရကီ ဝါရင့်မင်းသားကြီး Yetkin Dikinciler အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားဟာ အနုပညာမာန၊ မိသားစုတာဝန်နဲ့ ဂုဏ်သိက္ခာတို့ကြားက လူသားတစ်ယောက်ရဲ့ ရင်နင့်ဖွယ် ရွေးချယ်မှုကို ရိုက်ကူးပြသထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းဟာ ၁၉၇၅ ခုနှစ်က တူရကီနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အကျပ်အတည်း ကာလကို နောက်ခံထားပါတယ်။ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှု ကြောင့် တူရကီနိုင်ငံမှာ စီးပွားရေး အကြီးအကျယ် ကျဆင်းလာသလို ရုပ်ရှင်လောကတစ်ခုလုံးဟာလည်း အပြောင်းအလဲကြီးတစ်ခုနဲ့ ရင်ဆိုင်လာရပါတယ်။ ရုပ်ရှင်ထုတ်လုပ်သူတွေဟာ ဈေးကွက်မှာ ရပ်တည်နိုင်ဖို့အတွက် ဘတ်ဂျက်နည်းနည်းနဲ့ ရိုက်ကူးနိုင်တဲ့ လိင်အသားပေး ဇာတ်ကား တွေကို အပြိုင်အဆိုင် ထုတ်လုပ်လာကြပါတယ်။ အဲဒီအချိန်မှာ အိုက်တီကင် အက်ပ်တက်ရှ် ဟာ သူ့ရဲ့ အနုပညာ စံနှုန်းတွေကို တန်ဖိုးထားပြီး ရှိတ်စပီးယားရဲ့ နာမည်ကျော် King Lear ပြဇာတ်မှာ အဓိကဇာတ်ဆောင်အဖြစ် ကပြဖို့ ပြင်ဆင်နေတဲ့ ဝါရင့် ပြဇာတ်မင်းသားကြီး တစ်ယောက်ပါ။ သူဟာ ခေတ်စားလာတဲ့ အပေါစား ရုပ်ရှင်ရေစီးကြောင်းနဲ့ ဝေးဝေးနေဖို့ ကြိုးစားခဲ့ပေမယ့်၊ နာမကျန်းဖြစ်နေတဲ့ ဇနီးသည် အာဆူမန် ရဲ့ ဆေးကုသစရိတ်နဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေထဲ ပါဝင်ပတ်သက်မိလို့ ဒုက္ခရောက်နေတဲ့ သားဖြစ်သူ မာဟီရာ ကို ကယ်တင်ဖို့ ငွေကြေးအပူတပြင်း လိုအပ်လာပါတော့တယ်။ မိသားစုကို ကာကွယ်ဖို့အတွက် ရွေးချယ်စရာ မရှိတော့တဲ့ အ…

You May Also Like