Advertisement
Boonie Bears: The Hidden Protector

Boonie Bears: The Hidden Protector

熊出没·年年有熊

★ 5.0📅 2026⏱ 0 min👥 2 votes
FantasyComedyAnimation

Director: Huida Lin

ဝက်ဝံညီအစ်ကို၂ယောက် နှစ်သစ်ကူးမှာ ကမ္ဘာကြီးကိုကယ်တင်သွားမယ် ၂၀၂၆ခုနှစ်ထွက် ရုပ်ရှင်ဇာတ်ကားသစ်ပဲဖြစ်ပါတယ်။ Boonie Bears ရုပ်ရှင်တွေက တစ်ကားထပ်တစ်ကား သိသိသာသာ အရည်အသွေးကောင်းလာပြီး ဒီကားမှာဆိုရင်တော့ ရိုးရိုးဟာသကွက်တွေထပ် ကမ္ဘာပျက်မယ့်အန္တရာယ်တွေကိုရင်ဆိုင်ရမှာမလို့ တိုက်ပွဲခန်းတွေ CGI Visual Effectsတွေက ပိုခမ်းနားပြီးသပ်ရပ်တဲ့အတွက် တော်တော်ကြည့်လို့ကောင်းတဲ့ Chinese Animation တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဝက်ဝံကြီးရှုံတာ့က အရင်တုန်းကတော့ တောအုပ်ထဲမှာ အားလုံးကအားကိုးရတဲ့ ဦးဆောင်နိုင်တဲ့အစ်ကိုကြီးတစ်ယောက်ဖြစ်ခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့တောအုပ်လေးထဲကို မဖိတ်ခေါ်ပဲရောက်လာတဲ့ ထူးဆန်းတဲ့ဧည့်သည်တစ်ယောက် ရောက်လာခဲ့ပါတယ်။ အဲဒီဧည့်သည်လေးက သူ့ရဲ့စွမ်းအားတွေကို ဝက်ဝံလေးရှုံအာ့နဲ့ ဖိုးကတုံးကွမ်းထိုချန်တို့ကို လွှဲပေးလိုက်တဲ့အခါမှာတော့ အရင်ကအားအကိုးရဆုံးအစ်ကိုကြီးဘဝကနေ (၃)ယောက်အဖွဲ့လေးမှာ အားအနည်းဆုံး အစွမ်းအစအနည်းဆုံးသူတစ်ယောက်အဖြစ်ကိုရောက်သွားပါတယ် ရှုံတာ့ရဲ့ မှားယွင်းတဲ့ဆုံးဖြတ်ချက်ကြောင့် တောအုပ်လေးတင်မကပဲ တစ်ကမ္ဘာလုံး ပြောင်းပြန်လှန်ပျက်စီးကိန်းဆိုက်ရတော့မယ့် အခြေအနေကိုရောက်သွားခဲ့ပါတယ်။ ကိုယ့်ရဲ့အမှားကြောင့် ဒုက္ခရောက်နေရတဲ့သူငယ်ချင်းတွေကို ကယ်တင်ဖို့နဲ့ ကမ္ဘာကြီးကိုထိန်းသိမ်းဖို့အတွက် ရှုံတာ့တစ်ယောက် သူ့ရဲ့မာနတွေကိုချပြီး ရင်ထဲက သံယောဇဉ်အစစ်အမှန်တွေကိုလက်နက်လုပ်ပြီး ဒီအကျပ်အတည်းကိုဘယ်လိုဖြေရှင်းသွားမလဲဆိုတာကို ရင်တမမနဲ့ စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ် Filesize : 2 GB / 1.09 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Comedy, Fantasy, and Animation Runtime : 1h 57 min Subtitle : Myanmar Subtitle ( Hardsub )
Advertisement

Download Links

WEB-DL1080p2.01GB
WEB-DL720p1.1GB
Advertisement