The Boxtrolls (2014)

The Boxtrolls

Genres: Fantasy · Family · Comedy · Animation

Coraline နဲ့ ParaNorman တို့လို နာမည်ကြီး Stop-motion အန်နီမေးရှင်း ဇာတ်ကားကောင်းတွေကို ဖန်တီးခဲ့တဲ့ Laika စတူဒီယိုရဲ့ နောက်ထပ် လက်ရာမြောက် ဇာတ်ကားတစ်ကားဖြစ်တဲ့ "The Boxtrolls (၂၀၁၄)" ကို ဒီနေ့မှာတင်ဆက် ပေးချင်ပါတယ်။ စာရေးဆရာ Alan Snow ရဲ့ Here Be Monsters! ဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးဟာ ထူးခြားဆန်းပြားတဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ မိသားစု မေတ္တာတရားကို လှလှပပ ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဇာတ်လမ်းဟာ ချိစ်ဘရစ်ချ် (Cheesebridge) လို့ခေါ်တဲ့ ဗစ်တိုးရီးယားခေတ် စိတ်ကူးယဉ် တောင်ပေါ်မြို့လေးတစ်ခုမှာ အခြေခံထားပါတယ်။ အဲဒီမြို့က လူချမ်းသာ အထက်တန်းလွှာတွေဟာ စည်းစိမ်ဥစ္စာနဲ့ ဒိန်ခဲ (Cheese) အရသာမြည်းစမ်းတာကို အလွန်အမင်း ရူးသွပ်ကြသူတွေပါ။ မြို့ရဲ့ မြေအောက်လိုဏ်ဂူတွေထဲမှာတော့ စက္ကူပုံးလေးတွေကို ဝတ်စုံလို ဝတ်ဆင်ထားတတ်ပြီး၊ ညဘက်ရောက်ရင် မြို့ပေါ်တက်ကာ အသုံးမလိုတော့တဲ့ စက်ပစ္စည်းအပိုင်းအစတွေကို လိုက်လံကောက်ယူတတ်တဲ့ "Boxtrolls" လို့ခေါ်တဲ့ သတ္တဝါလေးတွေ နေထိုင်ကြပါတယ်။ Boxtrolls လေးတွေဟာ တကယ်တော့ အန္တရာယ်မပေးတတ်ဘဲ ရိုးသားကြင်နာတတ်တဲ့ သတ္တဝါလေးတွေဖြစ်ပြီး၊ အက်ဂ်စ် လို့ခေါ်တဲ့ မိဘမဲ့ လူသားကောင်လေးတစ်ယောက်ကို ငယ်စဉ်ကတည်းက မွေးစားပြုစုပေးထားကြတာပါ။ ဒါပေမယ့် အထက်တန်းလွှာ အသိုင်းအဝိုင်းရဲ့ အမှတ်အသားဖြစ်တဲ့ "ဦးထုပ်အဖြူ" (White Hat) ကို ရယူချင်နေတဲ့ လူဆိုးကြီး အာချီဘောလ် စနက်ချ က Boxtrolls တွေကို ကလေးဖမ်းစားတဲ့ မကောင်းဆိုးဝါးတွေအဖြစ် မြို့သူမြို့သားတွေ အထင်လွဲအောင် ဝါဒဖြန့်ပြီး အမြစ်ပြတ် ဖမ်းဆီးသုတ်သင်ဖို့ ကြိုးစားလာပါတော့တယ်။ သူ့ရဲ့ မိသားစုလို ချစ်ရတဲ့ Boxtrolls လေးတွေ ဖမ်းဆီးခံရတဲ့အခါ အက်ဂ်စ် တစ်ယောက် မြေပေါ်လူသားကမ္ဘာကို တက်လာပြီး၊ မြို့တော်ဝန်ကြီးရဲ့ ရဲရင့်တဲ့ သမီးလေး ဝင်နီ…

You May Also Like