All About My Mother (1999)

All About My Mother

Genres: Drama · Comedy

လူတိုင်းရဲ့ ဘဝမှာ မိခင်ဆိုတာ မရှမဖြစ်ဖြစ်သလို မိခင်တွေအတွက် သားသမီးဆိုတာကရော? မန်ဝယ်လာဟာ သားဖြစ်သူ အက်စ်တဲဘန်ကို တစ်ယောက်တည်း ပြုစုပျိုးထောင်လာခဲ့သူပါ သူ့ရဲ့ ခင်ပွန်းဖြစ်သူနဲ့ အတိတ်ကို သားဆီကနေ ဖုံးကွယ်ထားပြီး တစ်ယောက်တည်း ရသမျှအလုပ်ကို လုပ်ပြီး ရှာ‌ဖွေကျွေးမွေးလာခဲ့တာပါ ဒီလိုနဲ့ သားဖြစ်တဲ့ အက်စ်တဲဘန်က အရွယ်ရောက်လာတဲ့အခါ စာရေးဆရာဖြစ်ချင်ပြီး သားအမိနှစ်ယောက်လုံးက ပြဇာတ်တွေကို ခုန်မင်ကြပါတယ် ဒီလိုနဲ့ အက်စ်တဲဘန်ရဲ့ ၁၇ နှစ်ပြည့်မွေးနေ့မှာ ပြဇာတ်ကြည့်ရင်း ပြဇာတ်မင်းသမီးရဲ့ လက်မှတ်တောင်းဖို့ အက်စ်တဲဘန်တစ်ယောက် ပြေးလိုက်ရင်း ကားတိုက်ခံလိုက်ရပါတယ် ပင်ပန်းလှတဲ့ မန်ဝယ်လာရဲ့ ဘဝမှာ ဘယ်လို အခက်အခဲတွေ ထပ်ဖြစ်သွားမလဲ သူ့ရဲ့ နောက်ကြောင်းရာဇဝင်ကရော ဘာတွေဖြစ်မလဲဆိုတာ ကြည့်ရှုလိုက်ကြရအောင်

You May Also Like