All About Lily Chou-Chou (2001)

All About Lily Chou-Chou

Genres: Drama · Crime

All About Lily Chou-Chou (2001) IMDb Rating (7.5) / Rotten Tomatoes (68%) အာရှရုပ်ရှင်ပရိသတ်တွေထဲ ဒီရုပ်ရှင်ကို မသိတဲ့လူလည်း မရှိသလို မကြိုက်တဲ့လူလည်းမရှိဘူး။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ Shunji Iwaiကိုလည်း ထိုနည်း၎င်းပေမဲ့ ဒီရုပ်ရှင်က သူ့မာစတာပိစ်အဖြစ် သတ်မှတ်ထားကြတဲ့ ရုပ်ရှင်။ အထူးခြားဆုံး ရုပ်ရှင်လိုလည်း ပြောကြတာတွေ ရှိတယ်။Lily Chou-Chouရုပ်ရှင်က တကယ်လည်း ထူးခြားသလို သူ့ပရိသတ်အားကလည်း ကြောက်ဖို့ကောင်းခဲ့တယ်။ ဖန်တွေက ဒီကားအတွက် သီးသန့်Webisteတစ်ခု ထောင်ထားတဲ့အထိကို အောင်မြင်ခဲ့တယ် ပြောရမယ်။ ဇာတ်ကားထဲကလို Chat Roomတွေကိုပါ ဖန်တီးခဲ့ကြတယ်။ ရုပ်ရှင်တစ်ကားကို ဒီလိုမျိုး အလုပ်ခံရတာက သိသလောက်တော့ ရုပ်ရှင်သမိုင်းနဲ့ချီပြီးကို ဒီတစ်ကားပဲရှိဦးမယ်။ နောက်ပရိုဒတ်ရှင်းမတိုင်ခင် ဒါရိုက်တာ အားထုတ်ခဲ့တဲ့ ဘယ်ရုပ်ရှင်နဲ့မတူတဲ့ အားထုတ်မှုတွေကလည်း ဒီရုပ်ရှင်ကို ပိုထူးခြားစေခဲ့တယ်လို့ ထင်ရတယ်။ ခုနwebsiteမတိုင်ခင် တစ်နှစ်အလိုမှာ Iwaiကိုယ်တိုင်က Lilychouchouဖန် Webတစ်ခု ထောင်ခဲ့တယ်။ အဲဒီမှာ ဒီထဲက ဇာတ်ကောင်တွေအနေနဲ့ ပို့စ်တွေတင်ပြီး အရှိတရားနဲ့ ဖန်တီးမှုကြားက စည်းကို ပိုဝေဝါးအောင်လုပ်ခဲ့တယ်။ နောက် ဒီရုပ်ရှင်ရဲ့ အဓိကအခရာထဲပါနေတဲ့ Lily Chou Chouဆိုတဲ့ အဆိုတော် ဆိုတဲ့သီချင်းတွေအဖြစ် ထည့်သွင်းထားတဲ့ သီချင်းတွေကိုလည်း ဘန်တစ်ခုထောင်ပြီး Salyu ဆိုတဲ့ ပွဲဦးမထွက်ရသေးတဲ့ အဆိုတော်က သီချင်းတွေဆိုပြီး Lily Chou Chouရဲ့သီချင်းတွေကို အတည်ကြီးအယ်လ်ဘမ်အနေနဲ့ ထုတ်ခဲ့သေးတယ်။ တစ်ချို့သီချင်းတွေကို Iwaiက ရေးပေးထားတယ်။ ရုပ်ရှင်ထွက်ပြီး ၁၀နှစ်ပြည့်မှာလည်း ဒီဘန်ကို တစ်ဖန်ပြန်အသက်သွင်းခဲ့ကြသေးတယ်။ ဆိုတော့ ဒီရုပ်ရှင်မှာ Iwaiရဲ့ အားထုတ်မှုကလည်း ကြောက်စရာကောင်းနေတယ်။ တာရန်တီနိုတောင် သူ့ Kill Billထဲ Lily Chou Chou သီချင်းတစ်ပုဒ်ထ…

You May Also Like