Ali G: Who Iz I? (2026)

Ali G: Who Iz I?

Genres: Comedy

Ali G: Who Iz I? (2026) ကမ္ဘာကျော် ဟာသဇာတ်ကောင် BORAT တို့လို Character တွေကို အကောင်းဆုံးချပြခဲ့တဲ့ မင်းသားကြီး Sacha Baron Cohen ရဲ့ Ali G ကို အနှစ် ၂၀ အကြာမှာ ပြန်တွေ့ရမှာဖြစ်ပြီး' Pop Cultrue အင်တာနက် ယဉ်ကျေးမှုတွေ၊ နိုင်ငံရေးနဲ့ လူမှုဘဝတွေကို ခပ်ကြမ်းကြမ်းသရော်ထားပြီး ဗိုက်နာအောင်ရယ်ရမယ့် Comedy ဇာတ်ကားမျိုးပါ ဇာတ်လမ်းကတော့ အနှစ် ၂၀ လုံးလုံး ဘာမှမလုပ်ဘဲ ပျော်ပါးနေခဲ့တဲ့ အာလီ ဂျီ (Ali G) တစ်ယောက်... သူ့ရဲ့ ရည်းစားဖြစ်သူ ဂျူးလီမှာ ၈ လအရွယ် ကိုယ်ဝန်ရှိနေပြီဆိုတာကို မထင်မှတ်ဘဲ သိလိုက်ရတာကနေ စတင်ထားတာပါ။ အရင်လိုနာမည်ကြီးမဟုတ်တော့တဲ့ အလီဂျီအတွက် မွေးဖွားလာမယ့် ကလေးငယ်အတွက် ကလေးစရိတ်နဲ့ ပိုက်ဆံ အရေးပေါ် လိုအပ်လာတဲ့အခါမှာတော့... အာလီဂျီ ဟာ သူ့ရဲ့ ဟောင်းနွမ်းနေပြီဖြစ်တဲ့ ကျော်ကြားမှုကို ပြန်လည်ဖော်ထုတ်ပြီး ပိုက်ဆံရှာဖို့ အမေရိကန်ကို ခရီးထွက်လာခဲ့ပါတော့တယ်။ ဒါပေမဲ့ ယနေ့ခေတ်ခေတ် အမေရိကမြေပေါ်မှာ သူ မျှော်လင့်ထားသလို လွယ်လွယ်ကူကူ မဖြစ်ခဲ့ဘဲ... ထူးဆန်းတဲ့ ရန်သူတွေ၊ ယဉ်ကျေးမှု အလွဲအချော်တွေနဲ့ ကမောက်ကမ ကြုံတွေ့ရပုံကို ခပ်ကြမ်းကြမ်းဟာသတွေနဲ့ ကြည့်ရမှာ ဖြစ်ပါတယ်။

You May Also Like