A Tale of Winter (1992)

A Tale of Winter (1992) IMDb Rating (7.2) / Rotten Tomatoes (95%) ပြင်သစ်နယူးဝေ့ ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Eric Rohmerရဲ့ Tales of Four Seasons လို့သိကြတဲ့ လေးရာသီဇာတ်ကားလေးကားထဲက တစ်ကားပါ။ Rohmerဟာ ရုပ်ရှင်ဝေဖန်ရေးသမား, ဂျာနယ်လစ်, ဝတ္ထုရေးဆရာ, ဇာတ်ညွှန်းဆရာစတဲ့အလုပ်တွေကို လုပ်တဲ့လူဖြစ်သလို Cahiers du cinémaဆိုတဲ့ ရုပ်ရှင်ဂျာနယ်ကိုလည်း အယ်ဒီတာ လုပ်ခဲ့ပါတယ်။ Jean-Luc Godardတို့ François Truffautတို့က သူ့လုပ်ဖော်ကိုင်ဖက်တွေဖြစ်ခဲ့ကြတယ်။ သူတို့၃ယောက်စလုံးဟာ ရုပ်ရှင်ဝေဖန်ရေးကနေ ရုပ်ရှင်ဒါရိုက်တာဘဝကူးလာကြတဲ့လူတွေပါပဲ။ ဒါတွေပြောနေရတာတော့ ဒီဇာတ်လမ်းလို ဇာတ်လမ်းမျိုးကို Rohmer တင်ဆက်သွားတဲ့ တည်ဆောက်တင်ဆက်ပုံကြောင့်ပါ။ ဇာတ်လမ်းအစမှာ ကောင်လေးနဲ့ကောင်မလေးဟာ နွေရာသီတစ်ခုမှာ အတူတူဖြတ်သန်းခဲ့ကြတယ်။ အိမ်ပြန်ချိန်ရောက်လို့ ခွဲရတဲ့အခါ ကောင်လေးရထားပေါ်မတက်ခင် ကောင်မလေးက ကောင်လေးကို သူ့ကိုလာရှာရမယ့် လိပ်စာကို ပြောခဲ့တယ်။ ဒီနောက်မှာတော့ အချိန်တန်ရင်ပြန်တွေ့ကြမယ်လို့ မျှော်လင့်ရင်း လမ်းကွဲလာကြတယ်။ ဒီနောက်၅နှစ်အကြာ ဒီဇင်ဘာ ၁၄ရက်နေ့ကို စပြတယ်။ ဒီကာလမှာ ကောင်မလေးက ခုနကောင်လေးနဲ့ ရထားတဲ့ လေးနှစ်သမီးကလေးလေးအမေဖြစ်နေပြီ။ ဒါပေမဲ့ ကောင်လေးက သူ့ဆီရောက်မလာခဲ့ဘူး။ Single Motherဘဝနဲ့ နေနေတယ်။ ကောင်မလေးကလည်း ချောချောလေးဆိုတော့ ကြိုက်တဲ့ဘဲတွေများတယ်။ သူလည်း အသွေးနဲ့အသားနဲ့လူဆိုတော့ တွဲတယ်။ အိပ်တယ်။ ဆိုပေမဲ့ ကောင်လေး တစ်နေ့ သူ့ကိုလာရှာမှာမယ်ဆိုတဲ့ မျှော်လင့်ချက်ကို သူ မစွန့်လွှတ်ခဲ့ဘူး။ သူနဲ့တွဲနေတဲ့ ဘဲကလည်း ၂ပွေရှိတယ်။ ၂ပွေလုံးကို သူက ပြတ်ပြတ်သားသားပြောထားတယ်။ ငါ့ကောင်လေးကို ငါစောင့်နေတာ ဘာညာပေါ့။ ဆိုပေမဲ့ ဒီဘဲ၂ပွေနဲ့ သူ့ကြားက ဆက်ဆံရေးကလည်း Development ကောင်းကောင်းရှိတယ်။ ရှေ့ကပြောခဲ့တဲ့ ကောင်လေးရဲ့ရောက်မလာတဲ…