28 Years Later: The Bone Temple (2026)

28 Years Later: The Bone Temple

Genres: Horror · Thriller · Science Fiction

28 Years Later: The Bone Temple (2026) IMDb Rating (7.7) / Rotten Tomatoes (92%) Zombie ကားပရိသတ်တွေ စောင့်မျှော်နေကြတဲ့ 28 Days Later franchise ရဲ့ အပိုင်းသစ် "28 Years Later: The Bone Temple" ကို တင်ပေးထားပါတယ်။ ဒီကားက ၂၀၂၅ တုန်းက ထွက်ခဲ့တဲ့ 28 Years Later ရဲ့ အဆက်ဖြစ်ပြီး ဒါရိုက်တာ Nia DaCosta က ရိုက်ထားတာပါ။ ဇာတ်လမ်းကိုတော့ မူလဖန်တီးရှင် Alex Garland ကပဲ ပြန်ရေးပေးထားတယ်။ ဒီအပိုင်းရဲ့ အမိုက်ဆုံးအချက်က Zombie (Infected) တွေထက် အသက်ရှင်ကျန်ရစ်သူ လူသားတွေရဲ့ ရက်စက်ယုတ်မာမှုတွေကို ပိုပြီး ပေါ်လွင်အောင် ရိုက်ပြထားတာပါပဲ။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းက အရင်ကားအဆုံးကနေ တိုက်ရိုက်ဆက်ထားတာပါ။ ကောင်လေး Spike (Alfie Williams) ဟာ ကျွန်းပေါ်ကနေ ကုန်းတွင်းပိုင်းကို ရောက်လာပြီးနောက်မှာ Sir Lord Jimmy Crystal (Jack O'Connell) ဆိုတဲ့ အရမ်း ရက်စက်တဲ့ ဂိုဏ်းခေါင်းဆောင်ရဲ့ "The Fingers" ဆိုတဲ့ အဖွဲ့နဲ့ သွားဆုံတယ်။ ဒီ Jimmy ဆိုတဲ့လူက သူ့ကိုယ်သူ စာတန်မာရ်နတ်ရဲ့ သားလို့ သတ်မှတ်ထားပြီး ကလေးတွေကို ဦးနှောက်ဆေး၊ နာမည်တွေကိုလည်း Jimmy လို့ အကုန်ပေးပြီး လူမဆန်တဲ့ အလုပ်တွေ ခိုင်းစေနေတာ။ Spike တစ်ယောက် ဒီလူ-တ်ဂိုဏ်းထဲမှာ အသက်ရှင်ဖို့ ရုန်းကန်ရပါတော့တယ်။ တစ်ဖက်မှာတော့ Dr. Ian Kelson (Ralph Fiennes) ဆိုတဲ့ ဆရာဝန်ကြီးတစ်ယောက် ရှိတယ်။ သူက သေဆုံးသွားသူတွေရဲ့ အရိုးတွေ၊ ဦးခေါင်းခွံတွေနဲ့ "Bone Temple" (အရိုးဗိမာန်) ကို တည်ဆောက်ပြီး အောက်မေ့ဖွယ်လုပ်ထားတာပေါ့။ ဒေါက်တာ Kelson ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးအချက်က သူဟာ Samson လို့ နာမည်ပေးထားတဲ့ ခွန်အားကြီး Alpha Zombie တစ်ကောင်ကို ဖမ်းပြီး ဆေးဝါးတွေနဲ့ စမ်းသပ်ကုသနေတာပဲ။ တဖြည်းဖြည်းနဲ့ Samson ဟာ လူစိတ်ပြန်ဝင်လာပြီး ဒေါက်တာနဲ့ သူငယ်ချင်းတွေလိုတောင် ဖြစ်လာတယ်။ ဒီကားမှာ Zo…

You May Also Like