28 Days Later (2002)

Genres: Horror · Thriller · Science Fiction
ခေတ်သစ် Zombie ရုပ်ရှင်ကမ္ဘာရဲ့ မှတ်တိုင်တစ်ခု ဒါရိုက်တာ - Danny Boyle ထွက်သည့်နှစ် - ၂၀၀၂ အဓိက သရုပ်ဆောင်များ - Cillian Murphy, Naomie Harris, Christopher Eccleston 28 Days Later ဟာ ရိုးရိုး zombie ဇာတ်ကားတွေနဲ့ မတူတဲ့ ထူးခြားမှုတွေရှိနေပါတယ် ဒါရိုက်တာ Danny Boyle ဟာ ဒီဇာတ်ကားကို Digital Video Camera တွေနဲ့ ရိုက်ကူးခဲ့ပြီး London မြို့ကြီးရဲ့ လူသူကင်းမဲ့နေတဲ့ မြင်ကွင်းတွေကို ထိတ်လန့်စရာကောင်းလောက်အောင် ရိုက်ကူးပြသခဲ့တာပါ ဇာတ်လမ်းအကျဉ်း Jim (Cillian Murphy) ဆိုတဲ့ courier တစ်ယောက်ဟာ ဆေးရုံမှာ ၂၈ ရက်ကြာ Coma နေရာကနေ နိုးလာတဲ့အခါ London မြို့ကြီး လူသူကင်းမဲ့နေတာကို တွေ့ရှိရပါတယ်။ "Rage virus" ဆိုတဲ့ ဗိုင်းရပ်စ်ကြောင့် လူတွေ အကြမ်းဖက်သတ္တဝါတွေဖြစ်ကုန်ကြတာကို တွေ့လိုက်ရတဲ့ အခါမှာ Jim ဟာ Selena (Naomie Harris)၊ Frank (Brendan Gleeson) နဲ့ Hannah (Megan Burns) တို့နဲ့ တွေ့ဆုံပြီး အသက်ရှင်ရပ်တည်ဖို့ ကြိုးစားရပါတော့တယ် ထူးခြားချက်များ ဒီဇာတ်ကားမှာပါတဲ့ infected တွေဟာ ရိုးရိုး zombie တွေလို နှေးကွေးစွာ မလှုပ်ရှားဘဲ အလွန်မြန်ဆန်ပြီး ကြမ်းတမ်းကြပြီးတော့ Digital Video ကင်မရာသုံးထားတာကြောင့် ပိုမို realistic ဖြစ်စေပြီး documentary ပုံစံမျိုး ခံစားရမှာပါ Post-apocalyptic London ရဲ့ ရိုက်ကွင်းတွေကို နာမည်ကြီး tourist နေရာတွေမှာ အစစ်အမှန် ရိုက်ကူးထားပါတယ်။ သရုပ်ဆောင်များအကြောင်း Cillian Murphy ရဲ့ Jim ဇာတ်ရုပ်က ရိုးသားပြီး လူသားဆန်တဲ့ ဇာတ်ရုပ်ကို အထာကျကျ သရုပ်ဆောင်ထားပြီး Naomie Harris ကလည်း သူ့ရဲ့ ခက်ထန်ပြီး အသက်ရှင်ရပ်တည်ရေးကို ဦးစားပေးတဲ့ Selena ဇာတ်ရုပ်နဲ့ ပရိသတ်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒါရိုက်တာအကြောင်း Danny Boyle ဟာ Trainspotting၊ Slumdog Millionaire လို နာမည်ကြီးရုပ်ရှင်တွေကို ရို…