Wistoria: Wand and Sword (2024)

Season 1 + 2 IMDB – 7.5/10, MyAnimeList – 7.9/10 “မှော်ကြိမ်လုံးနဲ့ ဓားတစ်လက် ပုံပြင်” ကိုယ်ပိုင်အမြင်အရ 2024 ရဲ့ အသစ်ထွက် Anime စီးရီးအနေနဲ့ဆို Kaiju No 8 တို့ Ninja Kamui တို့ Solo Leveling တို့ Yatagarasu တို့နဲ့ တန်းမတူရင်တောင် ဇာတ်လမ်းက Potential ရှိတယ် Action ခန်းတွေ Animation တော်တော်ကောင်းတယ် သေသပ်ချောမွေ့တယ်ပြောရမယ် ဒါကြောင့် Watchlist ထဲ ထည့်ထားပြီး ကြည့်သင့်တဲ့ထဲမှာ ပါတယ်လို့ ထင်မိပါတယ်။ တန်းမတူဘူးဆိုတာလည်း ၁၂ ပိုင်းပဲ ထွက်ပြီး ဇာတ်လမ်းကို ပျိုးနေလို့ ပြီးခါနီးမှ အရှိန်တက်နေတာကို ဖီးလ်ကျဲသွားတာလည်း ပါတာပေါ့။ ဒါပေမဲ့လည်း S1 ပြီးကတည်းက S2 လာမယ်ဆိုတာကို Production ကြေငြာပြီးသား ဖြစ်တာကြောင့် နောက်ထပ် သိပ်မစောင့်ရလောက်ဘူးလို့ မြင်မိပါတယ်။ ဇာတ်လမ်းကတော့ မှော်ပညာတွေ စိုးမိုးတဲ့ကမ္ဘာတစ်ခု၊ အရင်တုန်းက မကောင်းဆိုးဝါးကြီးကို မောင်းထုတ်ခဲ့ပြီး စွမ်းအားရှိတဲ့ မှော်ဆရာကြီးတွေက ကောင်းကင်မှာ အကာအရံကြီးတစ်ခုဖန်တီး မျှော်စင်တစ်ခုတည်ဆောက်ပြီး ကပ်ဘေးဒုက္ခတွေကို ကာကွယ်စောင့်ရှောက်ပေးနေတာပေါ့။ အောက်က မြို့တော်မှာကျ မှော်အကယ်ဒမီကျောင်းတစ်ခု ရှိတယ်၊ မှော်ဆရာလူငယ်လေးတွေက ၆ နှစ်ကာလတက်မယ် သတ်မှတ်ထားတဲ့အမှတ်နဲ့ ကျော်လွန်ရင် မျှော်စင်က အထက်အဖွဲ့အစည်းကို ရောက်မယ်။ ဒါပေမဲ့ ၆ နှစ်မတက်ပဲ ကိုယ်ပိုင် မှော်အစွမ်းတစ်ခု ဖန်တီးနိုင်ခဲ့မယ်ဆိုရင် အဆင့်ကျော်ပြီး မျှော်စင်ကို တစ်ခါတည်း တန်းရောက်နိုင်တာမျိုး ရှိတဲ့အပြင် အဆင့်အမြင့်ဆုံး Magia Vander ဆိုတာလည်း ရှိသေး။ ထားပါ ဒီလိုမျိုး မှော်ပညာသာ အရာရာဆိုတဲ့ကမ္ဘာမှာ Will ဆိုတဲ့ ချာတိတ်လေးက မှော်ပညာ မသုံးနိုင်ပါဘူး ဒါပေမဲ့ ကိုယ့်ဆရာက လက်မလျှော့ပါဘူး မှော်ကြိမ်လုံးအစား ဓားတစ်လက်ဆွဲကိုင်ပြီး သူလိုချင်တဲ့ ပန်းတိုင် ရည်မှန်းချက်ကို အခက်အခဲတွေကြားကနေ ဘယ်လိုရောက်အော…
Seasons
- Season 2 (10 Episodes)