The Westies

The Westies

★ 7.0📅 2026👥 2 votes
DramaCrime

"F*ck those guys."

The Westies (2026) S1 +++++++++++++ အပိုင်းသစ် ( 7 ) ဒီ "The Westies" ဇာတ်လမ်းတွဲကတော့ နယူးယောက်မြို့က နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Hell's Kitchen ရပ်ကွက်မှာ အခြေချခဲ့တဲ့ အိုင်းရစ် (Irish) လူမိုက်ဂိုဏ်းအကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာပါ။ မာဖီးယားကားတွေ၊ ဂိုဏ်းစတား Crime Drama တွေ ကြိုက်တဲ့သူတွေဆိုရင်တော့ သေချာပေါက် အကြိုက်တွေ့မယ့် ကားမျိုးပေါ့။ ဇာတ်လမ်းထဲက အဓိက ဇာတ်ကောင်တွေဖြစ်တဲ့ ဂျင်မီ ကူးနန် (Jimmy Coonan) နဲ့ မစ်ကီ ဖယ်သာစတုန်း (Mickey Featherstone) တို့ဆိုတာ အပြင်မှာ တကယ်ရှိခဲ့တဲ့ လူမိုက်တွေပါ။ အဲဒီခေတ်က နယူးယောက် Hell's Kitchen ရပ်ကွက်မှာ သူတို့ သောင်းကျန်းခဲ့တာတွေ၊ နာမည်ကြီး အီတလီ မာဖီးယား (Gambino မိသားစု) တွေနဲ့ အပေးအယူ လုပ်ခဲ့တာတွေ အကုန်လုံးက အမေရိကန် ရာဇဝတ်မှု သမိုင်းမှာ တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း +++++++++++ ၁၉၇၀ နဲ့ ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက နယူးယောက်မှာ အီတလီ မာဖီးယားတွေ ကြီးစိုးနေပေမယ့် ဒီ The Westies ဂိုဏ်းကတော့ အင်အားမကြီးသလောက် အကြမ်းဆုံးနဲ့ အရက်စက်ဆုံးလို့ နာမည်ကြီးခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာ ဂိုဏ်းခေါင်းဆောင်တွေဖြစ်တဲ့ *ဂျင်မီ ကူးနန် (Jimmy Coonan)* နဲ့ *မစ်ကီ ဖယ်သာစတုန်း (Mickey Featherstone)* တို့ရဲ့ ဖြတ်သန်းမှုတွေကို အဓိကထားပြီး မြင်တွေ့ရမှာပါ။ သူတို့ဂိုဏ်းက တခြားဂိုဏ်းတွေနဲ့ ဘယ်လို အားပြိုင်ကြလဲ၊ နယူးယောက် မြေအောက်ကမ္ဘာမှာ နေရာတစ်နေရာရအောင် ဘယ်လို အကြမ်းပတမ်း နည်းလမ်းတွေ သုံးခဲ့လဲဆိုတာတွေကို ရင်တမမနဲ့ ကြည့်ရမှာပါ။ အာဏာလုပွဲတွေ၊ သစ္စာဖောက်မှုတွေနဲ့ ဂိုဏ်းတွင်း အကွဲအပြဲတွေကို အပြင်အဆင် အမိုက်စားတွေ၊ သရုပ်ဆောင်ပိုင်း အပီအပြင်တွေနဲ့ ကြည့်ရမှာဖြစ်ပါတယ်။ အက်ရှင်နဲ့ ရာဇဝတ်မှု ဇာတ်ကွက် အကြမ်းစားတွေကို နှစ်သက်တယ်ဆိုရင်တော့ တကယ့်ကို အချိန်ပေးပြီး ကြည့်သင့်တဲ့ ဇာတ်လမ်းတွဲကောင်း တစ်ခုဖြစ်ပါတယ်။ Size – 760MB / 383MB Quality –WEB-DL 1080p HEVC / 720p Episodes -  8 Eps Duration -  52m Subtitle – Myanmar Hardsub Format – mkv /mp4 Genre :  Crime , Drama

Download Links

Season 18 Episodes