
The Road to Splendor
花开锦绣
Drama
ရှန်းရှကား၊ ဘရိုမန့်စ်ကားတွေကြား ကူးလူးနေရလို့အားမနေရတဲ့အထဲ ပြိတ်သတ်တို့ရဲ့စိတ်အာရုံကိုဖမ်းစားဦးမဲ့ စီးရီးသစ်လေးက ထွက်လာပြန်ပါပြီ။ ဒီစီးရီးလေးကတော့ ဆားကုန်သည်လေးတစ်ဦးရဲ့ဘဝခရီးထက်က ခက်ခဲမှုတွေနဲ့ ချစ်မေတ္တာတို့ရဲ့ရွှန်းပမှုတို့ကို အသေးစိတ်ဖော်ညွှန်းထားတဲ့ဇာတ်အိမ်ကောင်းလေးပါ။
အဓိကဇာတ်ကောင်တွေအဖြစ် Archives : The Nanyang Mystery မှာ ညီအစ်ကိုဆိုပြီး ဂျင်းတွေထည့်ရုံမက ဖျော်ပါတိုက်ခဲ့တဲ့ ကိုကို Ding Yu Xi နဲ့ Mystery ဇာတ်လမ်းကောင်းတစ်ခုဖြစ်တဲ့ Eight Hundred မှာ အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ခဲ့တဲ့ Deng Enxi တို့က ဆေးစက်ကျရာအရုပ်ထင်ထားကြပါတယ်။ ကိုကို Yu Xi ကိုတော့ မြင်နေကျဇာတ်ကောင်မဟုတ်တာလေးနဲ့မြင်ရမှာမို့ တစ်မျိုးလေးတော့ ရင်ခုန်စရာကောင်းပါတယ်။
ဇာတ်လမ်းအညွှန်း >>>
ကျောက်လင်ဆိုတဲ့လူငယ်လေးဟာ ဆင်းရဲနွမ်းပါးတဲ့မိသားစုကနေ မွေးဖွားလာခဲ့ပေမဲ့ ရင်ထဲမှာ ကြီးမားတဲ့ရည်မှန်းချက်တွေ ကိန်းဝပ်နေပြီး သဘောထားကြီးသလို သံယောဇဉ်ကြီးလှတဲ့ လျှို့ဝှက်ဆားကုန်သည်လေးပါ။ တစ်နေ့မှာတော့ မတရားအကွက်ဆင်စွပ်စွဲခံရပြီး ဖောက်ပြန်သူအဖြစ်စွပ်စွဲခံလိုက်ရတဲ့ အထက်တန်းလွှာအမျိုးသမီးလေး ဖုထင်ယွင်နဲ့ မထင်မှတ်ဘဲဆုံခဲ့မိပါတယ်။
ဒါပေမဲ့ ဆုံတွေ့မှုက ကောင်းသောဆုံတွေ့ခြင်းမဟုတ်တာမို့ အသက်ဘေးကနေ လွတ်မြောက်ဖို့အတွက် သူတို့နှစ်ဦးဟာ အတူတကွစွန့်စားပြီး ထွက်ပြေးခဲ့ကြရပါတယ်။ လမ်းခရီးတစ်လျှောက်မှာ မိသားစုတွေရဲ့ဖိအား၊ နန်းတွင်းအာဏာလုပွဲတွေရဲ့ခေါင်းပုံဖြတ်မှုနဲ့ ကံကြမ္မာရဲ့စမ်းသပ်ချက်ပေါင်းစုံကိုရင်ဆိုင်ခဲ့ကြရပေမဲ့ သူတို့နှစ်ယောက်ဟာ အလျှော့မပေးဘဲ ကံကြမ္မာကို အတူတကွစိန်ခေါ်တွန်းလှန်ရင်း အဆုံးသတ်မှာတော့ လူအများက လေးစားအားကျရတဲ့စုံတွဲတစ်တွဲ ဖြစ်လာခဲ့ကြပါတော့တယ်။
ဒီဇာတ်လမ်းက Traditional Historical Romance ပုံစံဖြစ်တဲ့အပြင် Powerful Couple အမျိုးအစားဖြစ်လို့ ဇာတ်အိမ်က တကယ့်ကိုခိုင်မာပြီး ကြည့်ရတာ ကြည်နူးဆွတ်ပျံ့စရာကောင်းမှာ အသေချာပဲမို့ ကြည့်ဖြစ်အောင်ကြည့်ကြပါ သာ့ကျားတို့ရေ။
Total Episodes : 36
Quality : WEB-DL 1080p, 720p
Format : mp4
Genres : Historical, Romance
Runtime : 45 min
Subtitle : Myanmar Subtitle ( Hardsub )
Download Links
Season 130 Episodes
⌄