
Street World Fighter: Directors’ War
Reality
Street World Fighter: Directors’ War (2026)
******************************************
အပိုင်းသစ် (1)
Street Series ပရိသတ်ကြီးတွေအတွက် ယခုတစ်ခါမှာ အသစ်ထွက်ရှိလာတဲ့ Performance Director Dance Survival အစီအစဉ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။
အဖွဲ့လိုက် အကစွမ်းရည်ကို အဓိကထား ယှဉ်ပြိုင်ခဲ့ကြတဲ့ ရှေ့စီးရီးတွေထက် တစ်မူထူးခြားနေတာလေးကတော့ နာမည်ကြီး Choreographer (၁၀) ဦးက ကကွက်ဖန်တီးမှု၊ လှုပ်ရှားပုံအထားအသို၊ ဇာတ်ကြောင်းပြောပုံ၊ စင်မြင့်အပြင်အဆင် အစရှိတဲ့ ဖျော်ဖြေမှု အစအဆုံးကို တစ်ယောက်တည်း ဦးဆောင် ညွှန်ကြားဖန်တီးရမဲ့ Performance Director တွေအဖြစ် ပါဝင်ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။
ဒီ Choreographer (၁၀) ဦးက ဘယ် Dancer တွေနဲ့ လက်တွဲပြီး ဘယ်လို ခမ်းနားတဲ့ ဖျော်ဖြေမှုလက်ရာတွေကို ဖန်တီးပြသသွားမှာလဲ... Choreographer အနေနဲ့ပဲ ဆက်လက် ကျန်ရှိနေမှာလား... Director အနေနဲ့ အမည်စာရင်း တင်သွင်းခံရမှာလား...
MAMA AWARDS အဖွင့်ဖျော်ဖြေမှုကို စီစဉ်ညွှန်ကြားထုတ်လုပ်ခွင့်၊ ထုတ်လုပ်ရေးထောက်ပံ့စရိတ် ဝမ်သိန်း ၅၀၀ နဲ့ အပန်းဖြေခရီးစဉ် ထွက်ခွင့်တို့ကို ပိုင်ဆိုင်ရရှိသွားမဲ့ နောက်ဆုံး အနိုင်ရ Performance Director က ဘယ်သူဖြစ်နေမလဲဆိုတာကို ရင်ခုန်စွာနဲ့ စောင့်မျှော်အားပေးကြပါဦးနော်။
Aired: Aug 18, 2026 - ?
Aired On: Tuesday
Genres: Music, Sports, Reality Show
Episodes: 10
Original Network: tvN
Download Links
Season 11 Episodes
⌄