
Street Restaurant Fighter
스트릿 레스토랑 파이터
Reality
Street Restaurant Fighter (2026)
***********************************
အပိုင်းသစ် (9)
နာမည်ကြီးရှိုးတွေဖြစ်တဲ့ Street Woman Fighter, Street Man Fighter စတဲ့ dance survival show တွေရဲ့ production team ကနေပြီး ဒီတစ်ခါမှာတော့ အက မဟုတ်ဘဲ cooking survival show တစ်ခုကို ထပ်မံ တင်ဆက်လိုက်ပြန်ပါပြီ။
ဒီ showလေးကတော့ တခြား cooking show တွေလို ဟင်းချက်ရုံ ယှဥ်ပြိုင်တာမျိုးတင် မဟုတ်ဘဲ ဟင်းလျာတွေရဲ့ ရောင်းချနှုန်းကိုပါ ပြိုင်ဆိုင်သွားမဲ့ business survivalလေးပဲ ဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံတစ်ဝှမ်းမှ နာမည်ကြီး စားဖိုမှူးတွေ စားသောက်ဆိုင်ပိုင်ရှင်တွေက street food brand အသစ်တွေကို အပြိုင်အဆိုင် ဖန်တီး ရောင်းချရမှာဖြစ်ပြီး စားသုံးသူတွေဘက်ကလည်း ဘယ်စားဖိုမှူးရဲ့ ဟင်းလျာမှန်း မသိစေတဲ့ blind sale နည်းလမ်းနဲ့ ယှဥ်ပြိုင်သွားမှာပဲဖြစ်ပါတယ်။
အကောင်းဆုံး ရောင်းအားအတွက် ဆန်းသစ်တဲ့ မီနူးတွေကို ဖန်တီးပြီး စားသုံးသူတွေရဲ့ အားပေးမှုကို ရယူကာ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုအကြိတ်အနယ် ယှဥ်ပြိုင်သွားကြမလဲဆိုတာကို ကြည့်ရှုရမဲ့အပြင် အစားအသောက်နယ်ပယ်က တကယ့် စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ ပညာကိုလည်း ကြည့်ရှုရမှာဖြစ်လို့ ညွှန်းဆိုလိုက်ပါတယ်ရှင်။
Aired: Jun 21, 2026 - ?
Aired On: Sunday
Genres: Food, Cooking Show, Reality Show
Episodes: 12
Original Network: tvN
Download Links
Season 110 Episodes
⌄