Renegade Immortal (2023)

Renegade Immortal

စာရေးဆရာ"အာကန်း (Er Gen)" ရဲ့ Universe ထဲက ကမ္ဘာကျော် Masterpiece ဖြစ်တဲ့ "Xian Ni (仙逆)" ကို အသက်သွင်းထားတဲ့ ဒီဇာတ်လမ်းဟာ သာမန်ကျင့်ကြံခြင်းဇာတ်လမ်းတွေထက် အဆပေါင်းများစွာ ပိုမိုနက်ရှိုင်းပြီး ကွဲပြားပါတယ်။ ဝတ္ထုထွက်ရှိစဉ်ကတည်းက Web Novel လောကမှာ သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပြီး သူ့ရဲ့ထူးခြားတဲ့ ဇာတ်လမ်းတည်ဆောက်ပုံ၊ အတွေးအခေါ်ပိုင်းဆိုင်ရာ နက်နဲမှုနဲ့ အဓိက ဇာတ်ကောင်ရဲ့ မတူညီတဲ့ ပြောင်းလဲမှုတွေကြောင့် ပရိသတ်သန်းပေါင်းများစွာရဲ့ အသည်းစွဲဖြစ်ခဲ့ရပါတယ် ရိုးရာကျင့်ကြံခြင်းဇာတ်လမ်းတွေလို ပါရမီရှင်တစ်ယောက်ရဲ့ အောင်မြင်မှုခရီးမဟုတ်ဘဲ၊ ပါရမီမပါ၊ ကံမကောင်းတဲ့ လူငယ်လေးတစ်ယောက်က လောကဓံရဲ့ ရက်စက်တဲ့ရိုက်ခတ်မှုတွေကြားမှာ အေးစက်မာကျောတဲ့ ရှင်သန်သူတစ်ယောက်အဖြစ် ပြောင်းလဲလာပုံကို အဓိကထား ရိုက်ကူးထားတာကြောင့် ကြည့်ရှုသူတိုင်းကို စိတ်ခံစားမှုမျိုးစုံ ပေးစွမ်းနိုင်မှာ သေချာပါတယ် "ကောင်းကင်ဘုံက ငါ့ကို ရှင်သန်ခွင့်မပေးရင် ငါကိုယ်တိုင် ကောင်းကင်ဘုံကို အံတုပြီး ငါ့လမ်းကိုဖောက်မယ်။" ဒီဇာတ်လမ်းကတော့ သာမန်လူငယ်လေး ဝမ်လင် ရဲ့ အိပ်မက်နဲ့ စတင်ခဲ့ပါတယ်။ ကျင့်ကြံသူဖြစ်ချင်တဲ့ သူ့ရဲ့ရည်မှန်းချက်ဟာ ပါရမီမရှိခြင်းဆိုတဲ့ အမှန်တရားရှေ့မှာ အစိတ်စိတ်အမွှာမွှာ ကြေမွခဲ့ရတယ်။ ဒါပေမဲ့ ကံကြမ္မာရဲ့မျက်နှာသာပေးမှုလား၊ ဒါမှမဟုတ် ကျိန်စာတစ်ခုရဲ့ အစလား မသိရတဲ့ ထျန်းနီကျူး (ကောင်းကင်ဘုံကို အံတုသော ပုလဲ) နဲ့ တွေ့ဆုံမှုက သူ့ဘဝကို အပြောင်းအလဲဖြစ်စေခဲ့ပါတယ် ဒါပေမဲ့ဒီအခွင့်အရေးဟာ သူ့မိသားစုနဲ့ မျိုးနွယ်တစ်ခုလုံးကို အဆုံးတိုင်စေမယ့် ကြေကွဲဖွယ်ရာဖြစ်ရပ်ဆိုးကြီးကိုပါ သယ်ဆောင်လာခဲ့တယ် အရာအားလုံးကို ဆုံးရှုံးပြီး သေခြင်းတရားရဲ့တံခါးဝကနေ ပြန်လည်လွတ်မြောက်လာတဲ့အခါမှာတော့ သူ့နှလုံးသားထဲမှာ လက်စားချေလိုစိတ်ကလွဲပြီး ဘာမှမကျန်တော့ပ…

Seasons

  • Ep 1-25 (5 Episodes)
  • Ep 26-50 (5 Episodes)
  • Ep 51-75 (5 Episodes)
  • Ep 76-100 (5 Episodes)
  • Ep 101-120 (4 Episodes)
  • Ep 121- 150 (30 Episodes)
  • Ep 151- 180 (18 Episodes)

You May Also Like